part-16(U/Z)

101 5 0
                                    

မနက်မွန်းတည့်ချိန်​၏နေရောင်ခြည်ကြောင့်ခေတ်မင်းနေကြာအိပ်ရာမှနိုးလာခဲ့သည်။လိုက်ကာပိတ်မထားသောကြောင့်ခေတ်မင်းနေကြာ၏မျက်နှာပေါ်သို့နေထိုးနေခြင်းဖြစ်သည်။နိုးနိုးချင်းနာရီကိုကြည့်လိုက်တော့10:35ဖြစ်နေလေပြီ။ထို့ကြောင့်ခေတ်မင်းနေကြာရေချိုးပြီးအောက်ထပ်သို့ဆင်းလာလိုက်သည်။အောက်ထပ်ရောက်တော့ထမင်းစားခန်း၌ထမင်းစားနေသောမုဒြာရည်ဆိုသည့်မိန်းမနှင့်ကိုကို့ကိုတွေလိုက်ရသည်။ကိုကိုသည်ကျွန်တော့်ကိုမြင်တော့

"ခေတ် မနက်စာလာစား"

"မစားတော့ဘူး ကျွန်တော်ရှိန်းအိမ်သွားမို့"

"Jonကိုလိုက်ပို့ခိုင်းလိုက်မယ်"

"ရတယ် ကျွန်တော့်ပါသာသွားလိုက်မယ်"

ကိုကို့ ကိုသူ့ဇနီးလောင်းရှေ့မှာ "သား"လို့မသုံးသင့်ဘူးထင်လို့ကျွန်တော်လို့ပြောင်းသုံးလိုက်မိသည်။ကိုကို့ မျက်ခုံးတွန့်ချိုးသွားတာကိုကျွန်တော်သိသိသာသာမြင်လိုက်တာပေါ့။ဘာကြောင့်လည်းမသိပေမယ့် ကိုကို့ဇနီးလောင်းနဲ့ကိုကို့ကိုမြင်ရင် ရင်ထဲကနာတယ်။ဟား ဟား ကျွန်တော်နှလုံးရောဂါရှိတယ်ထင်ပါရဲ့။ကျွန်တော်လည်းဆက်မတွေးတော့ဘဲရှိန်းအိမ်ကိုသာထွက်လာလိုက်တော့သည်။

ရှိန်းအိမ်ကအရမ်းမဝေးတာကြောင့်မိနစ်၂၀လောက်ဘဲသွားရသည်။ရှိန်းအိမ်ရောက်တော့ရှိန်းမာမီကထွက်ကြိုသည်။

"သားခေတ် ရှိန်းဆီလာတာလား"

"ဟုတ်ကဲ့ တီတီ"

"အေးအေးသားသူငယ်ချင်းသူ့အခန်းထဲမှာရှိတယ် သားမနက်စာစားပြီးပြီလား"

"မစားရသေးဘူးဗျ"

"စားပါလား တီတီပြင်ပေးမယ်လေ"

"မစားတော့ဘူး သားရှိန်းဆီသွားအုံးမယ်နော်"

"အေးအေး"

တီတီဆိုတာရှိန်းမာမီကိုခေါ်ခြင်းဖြစ်သည်။ရှိန်းမာမီ၏နာမည်မှာ ဒေါ်သင်ဇာလတ်ဖြစ်သည်။ခေတ်နဲ့လေညှင်းကို သားသမီးအရင်းသဖွယ်ချစ်သောကြောင့် ခေတ်ကတီတီလို့ခေါ်ပြီးလေညှင်းကတီလတ်လို့ခေါ်သည်။ရှိန်းဒယ်ဒီကတော့ ဦးနေသူရိန်ဖြစ်သည်။ရှိန်းမာမီက ကျောက်မြတ်ရတနာရောင်းဝယ်ရေးလုပ်ပြီးကျောက်တွင်းပေါင်းများစွာပိုင်သည်။ရှိန်းဒယ်ဒီကတော့ SZT ကုမ္ပဏီ၏ဥက္ကဌဖြစ်သည်။ ခေတ်တစ်ယောက်ရှိန်းအခန်းကိုရောက်တော့ရှိန်းက ကုတင်ပေါ်မှာဖုန်းကြည့်၍ပြုံးနေသည်ကိုမြင်လိုက်ရသည်။

Accidentally I met my future husbandWhere stories live. Discover now