Part_8(U/Z)

191 7 0
                                    

လွန်းစေတန်မောင်၏ခြံထဲသို့ကားနှစ်စီးဝင်လာပြီးနောက်အိမ်ထဲတွင်လွန်းစေတန်မောင်၏သူငယ်များလည်းစုံနေပြီဖြစ်သည်။ခေတ်မင်းနေကြာတစ်ယောက်သာအငြိမ်မနေနိုင် ဘဲသူ၏သူငယ်ချင်းနှစ်ယောက်ကိုတစ်မျှော်မျှော်စောင့်နေလေသည်။ခးအိမ်ထဲတွင်တော့လွန်းစေတန်မောင်တို့တစ်ငယ်ချင်းတစ်စုစကားများနေ၍ခြံထဲတွင်တော့ခေတ်မင်းနေကြာတစ်ယောက်ခြံဝကိုသာတစ်မျှော်မျှော်ကြည့်နေလေသည်။ခ

"လွန်း နင်ဘယ်ချိန်ဂိုဏ်းကိုပြန်လာမှာလည်း"

"နောက်လထဲပြန်လာမယ် အခုခေတ်ရှေ့မှာအဲ့အကြောင်းတွေမပြောနဲ့"

"ဦးတည်စိုးလှိုင် အခုဂျိုကြွနေတယ်နော်လွန်း နင်ဘဲအဲ့ကိစ္စကိုကိုင်တွယ်လိုက်"

"ဒီဘိုးတော်ကြီးက ငြိမ်နေလို့အကောင်းမှန်နေတာကို"

"ဒါနဲ့ခေတ်လေးကချစ်စရာလေးဘဲ"

"အင်း"

"ဟိုကိုပြန်ရင်ခေတ်လေးကိုထားခဲ့မှာလား လွန်း"

"ခေါ်သွားဖို့စီစဥ်ထားတယ်"

"ဖြစ်ပါ့မလား"

"ဖြစ်တယ်"

လွန်းစေတန်မောင် ဟာစီးပွားရေးတွင်လည်းနာမည်ကြီးသလို အမှောင်လောကထဲတွင်လည်းမသိသူမရှိသလို နာမည်ကြားတာနဲ့တင် ကြောက်ဒူးတုန်လောက်တဲ့ထိ အာဏာရှိသူဖြစ်သည်။လွန်းစေတန်မောင်ဟူသောအမည်မှာ စီးပွားရေးလောကအတွက်သာဖြစ်ပြီးအမှောင်လောကတွင်တော့ အမည်တစ်ခုနှင့်ထင်ရှားသည်။ခေတ်ကိုလည်းထိုအကြောင်းမသိစေချင်သေးပါ။လွန်းစေတန်မောင်၏အမှောင်လောကအမည်မှာdaveဖြစ်သည်။လွန်းစေတန်မောင်တို့စကားပြောနေစဥ်ဝင်ရောက်လာသောအသံဆာဆာလေးတစ်ခု

"ကိုကို သားသူငယ်ချင်းတွေရောက်ပြီသားသူတို့နဲ့အခန်းထဲသွားအုံးမယ်နော်"

"အင်း ခဏနေရင်ဆင်းခဲ့နော်"

"ဟုတ်"

အသံလာရာဘက်ကိုအားလုံးလှည့်ကြည့်မိတော့ခေတ်ဘေးတွင် ကောင်မလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်။ထိပ်ထားမြင့်မိုရ်သည်ပါလာသောကောင်မလေးအား ငေးမောနေမိသည်။အပေါ်ထပ်တက်သွားသည်အထိငေးနေမိသည်။ထိုအချိန်တွင်ဘေးမှရှိုင်းသန့်စင်ကထိပ်ထားမြင့်မိုရ်ကိုကြည့်၍စကားပြောလေသည်။

Accidentally I met my future husbandWhere stories live. Discover now