Part-4(U/Z)

255 6 0
                                    

"ရှိန်း မင်းguiterကြိုးညှိပြီးပြီလား"

"အေး ညှိပြီးပြီ"

"လေညှင်းနင်ရော ညကလေ့ကျင့်ထားလား"

"တစ်ညလုံးဘဲ"

"ခေတ်မင်း နင်အငြိမ်နေလို့မရဘူးလားမျက်စိနောက်လာပြီဟာ"

"ဟီး ဟီး"

ခေတ်မင်းနေကြာတစ်ယောက်မကြာခင်သူတို့အလှည့်ရောက်လာတော့မှာဖြစ်သောကြောင့်ဟိုလျှောက်ဒီလျှောက်နဲ့လှုပ်ရွနေခြင်းဖြစ်သည်။လေညှင်းတစ်ယောက်မျက်စိနောက်လာ၍ခေတ်မင်းနေကြာကိုအလိုမကျဟန်ဖြင့်ပြောလိုက်တော့မှ ခေတ်မင်းနေကြာသည် မျက်လုံးများပိတ်ပြီးသွားပေါ်အောင်ရယ်ပြလိုက်သည်။ခဏအကြာMcအမမှ ဖိတ်ခေါ်သံကြားလိုက်ရသောကြောင့်သုံးယောက်သား စင်ပေါ်သို့တက်သွားသည်။စင်ပေါ်ရောက်တာနှင့်စင်အောက်မှ စီနီယာအမများသာမက ကျောင်းသားအားလုံး၏အသံများသည်ဝက်ဝက်ကွဲထွက်လာသည်။ထို့နောက် ခေတ်မင်းနေကြာကိုကြည့်၍ပြောဆိုနေသောအမများမှအသံတစ်ချို့ထွက်လာသည်။

"ချစ်စရာလေးပါကွာ မမရဲ့မောင်လေးသာဖြစ်လိုက်ပါတော့"

"မမရင်ခွင်ထဲကိုလာနားပါမောင်လေးရာ"

အစရှိသဖြင့်အသံပေါင်းစုံထွက်နေလေသည်။ရှိန်းနှင့်လေညှင်းကိုကြည့်၍လည်းအသံအချို့ထွက်လာသည်။

"ညာဘက်ဘေးကကောင်လေးလည်းချစ်စရာလေးပါကွာ"

"မမရဲ့ရင်ခွင်မှာနှစ်ယောက်လုံးလာနားကြပါလားကွယ်"

"ဘယ်ဘက်ကကောင်မလေးက ကျွန်တော့အပိုင်ဗျို့"

"ကိုကြီးရင်ခွင်ကိုသာလာနားပါတော့"

အသံပေါင်းစုံထွက်ပြီးနောက်Mcအမမှစတင်မိတ်ဆက်ပေးလိုက်သည်။မိတ်ဆက်ပြီးလျှင်ခေတ်မင်းနေကြာမှစကားစပြောသည်။

"ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ရဲ့ဖျော်ဖြေတင်ဆက်မှုကိုအားပေးကြပါအုံးခမျ"

"အားပေးမှာပေါ့မောင်လေးရာ"

ခေတ်မင်းနေကြာ၏စကားကိုစီနီယာအမများမှ ထောက်ခံ၍ပြန်ပြောသည်။ထို့နောက်Mcအမမှ စကားစ​ပြောလေသည်။

Accidentally I met my future husbandWhere stories live. Discover now