part-14

100 4 0
                                    

ဒီနေ့နဲ့ဆိုရင်ခေတ်တို့ရွာကပြန်ရောက်တာသုံးရက်မြောက်နေ့ဖြစ်သည်။ရွာမှာဒေါ်ဒေါ်တို့အလှူပြီးတာနဲ့ပြန်လာချင်းဖြစ်သည်။ကိုကိုက ဒေါ်လေးနဲ့မမသွန်းဆက်တို့အတွက်စီးပွားရေးလုပ်လို့ရအောင်ပိုက်ဆံပေးခဲ့သေးသလို ဆေးဆိုင်လေးဆောက်ပေးရန်ပါစီစဥ်ခဲ့သေးသည်။ဒေါ်လေးတို့ကတော့အစကအားနာလို့လက်မခံပေမဲ့ ကိုကိုကယူပါလို့အတင်းပြောမှာသာယူကြသည်။အခုဆိုရင် ကျွန်တော်ကUniပြန်တက်နေပြီဗျ။ကိုကို့အပေါ်လည်းစိတ်တွေကပြောမပြတတ်အောင်ခံစားနေရတယ် ဘာဖြစ်လည်းဆိုတာကိုတော့ကျွန်တော့်ကိုယ်ကျွန်တော်သေခမသိသေးလို့ဆန်းစစ်နေတုန်းပါ။ခေတ်တစ်ယောက်တွေးချင်ရာတွေးနေတုန်းမှာပင်လေညှင်း၏ခေါ်သံကြောင့်သတိဝင်လာတော့သည်။

"ဟဲ့ခေတ်!"

"ဟင် ဘာလဲပြော"

"ဝေဝေအောင်ပေးခိုင်းတာရော့"

လေညှင်းပေးလာသောပစ္စည်းများကိုယူလိုက်ပြီး ခုံအောက်ထဲသို့ထည့်လိုက်သည်။အခြားကိစ္စများကိုတော့သူထပ်မမေးချင်တော့ပါ။ဝေဝေအောင်ကအရင်ကလောက်နှေုာက်ယှက်တော့တာမှမဟုတ်ဘဲလေ။ခေတ်နှင့်မှိုင်းလေညှင်းဘေးတွင်တော့မည်သူမှမရှိချေ။ရှိန်းစေသော်က စာဖတ်ရန်စာကြည့်တိုက်မှာစာအုပ်သွားငှားသည်။ခဏကြာတော့သူတို့အတန်းထဲမှ ထွန်းသက်ခိုင် ဆိုသည့်ကျောင်းသားတစ်ယောက်ကပြေးလာ၍ခေတ်ကိုပြောလေသည်။

"ခေတ်မင်းနေကြာ ကျောင်းအနောက်ဘက်ထောင့်မှာ ရှိန်းစေသော်အနိုင်ကျင့်ခံနေရတယ်"

" ဘယ်လိုဖြစ်တာလဲ လာသွားမယ်လေညှင်း"

အနိုင်ကျင့်ခံရတယ်ဟူသောစကားသံအဆုံးတွင်ခေတ်ဟာ လေညှင်းနဲ့အတူပြေး၍ကျောင်းအနောက်ဘက်ထောင့်သို့သွားလေသည်။ဟိုရောက်တော့ ကျောင်းသား၅ယောက်ထဲမှတစ်ယောက်က ရှိန်း ၏စာအုပ်များကိုလွှတ်ပစ်ထား၍တစ်ယောက်က ချုပ်ထားလေသည်။ထိုကိုခေတ်မြင်တော့ ရှိန်းနားသွားပြီးရှိန်းကိုချုပ်ထားသောလက်ထဲမှရှိန်းကိုဆွဲခေါ်လိုက်သည်။ရှိန်းဟာရန်ဖြစ်နေကြသူမဟုတ်သောကြောင့်တစ်ခုခုဆိုသူဘဲခံလာရမည်ကို ခေတ်သေချာသိသည်။ခေတ်သည်ဒေါသတစ်ကြီးကြည့်၍အရှေ့မှကျောင်းသား၅ယောက်ကိုမေးလိုက်သည်။ခေတ်၏အသံသည်တုန်ရီမနေဘဲ တည်ကြည်ပြတ်သားနေသည်။

Accidentally I met my future husbandWhere stories live. Discover now