part-11

158 5 0
                                    

ခေတ်ဆင်းလာတာကိုကြည့်နေချိန်မှာပင်အပင်ပေါ်ကပြုတ်ကျလာသောခေတ်ကိုမြင်လိုက်ရသည်။ဖိုးတိုးဆိုသူလည်းအလန့်တကြားဖြစ်သွားသလိုလွန်းစေတန်မောင်သည်လည်းအမြန်ပင်ခေတ်ပြုတ်ကျမည့်အောက်သို့သွား၍လက်ခံဖမ်းရန်အဆင်သင့်ပြင်လိုက်သည်။Mafiaဆိုသည့်အတိုင်းပင်လျင်မြန်သွက်လက်စွာအပင်အောက်သို့သွား၍ခေတ်ကိုဖမ်းရန်အဆင်သင့်ပြင်လိုက်သည်။ခေတ်မင်းနေကြာသည် သေတော့မည်အထင်နှင့်မျက်ရည်များကျလာ၍မျက်လုံးကိုအသေမှိတ်ထားသည်။ခေတ်မင်းနေကြာသည်လွန်းစေတန်မောင်၏လက်ထဲသို့တန်းနေအောင်ကျလာတော့ ညည်းညူသံသေးသေးလေးတစ်ခုထွက်ပေါ်လာသည်။

"အာ့!"

ငါသေပြီလားမသိဘူး။ကိုကိုနဲ့ အင်္ဂလန်လိုက်သွားချင်သေးတာကို။မသေချင်သေးဘူး အီး..ဟီး..။ခေတ်တစ်ယောက်သူ့ဘာသာသူတွေးချင်ရာတွေး၍ငိုနေလေသည်။လွန်းစေတန်မောင်လည်းခေတ်ကိုစိတ်ပူတာကတစ်ကြောင်းနှင့် ခေတ်ကိုငုံ့ကြည့်လိုက်တော့ မျက်ရည်များနှင့်ခေတ်ကိုတွေ့ရသည်။ခေတ်အကိုဖိုးတိုးလည်း ခေတ်ဆီသို့အပြေးလာသည်။

"ခေတ် ညီလေး မျက်လုံးဖွင့်ကြည့်အုံး"(ဖိုးတိုး)

"ဟင် ကိုကြီးဖိုးတိုး သားမသေဘူးလားဟင်"

"အေး မသေဘူး မင်းကိုဒီအကိုဖမ်းပေးထားလို့"(ဖိုးတိုး)

ခေတ်လည်းဖိုးတိုးပြောမှသတိထားမိသည်။သူရောက်နေတာကိုကို့လက်ထဲမှာဘဲ။သူသေပြီလို့ထင်ထားခဲ့တာ ကိုကိုကဖမ်းပေးခဲ့တာတဲ့လား။ခေတ်လည်းကိုကို့ ကိုမော့ကြည့်တော့ ကိုကိုက သူ့ကိုပြန်ငုံ့ကြည့်လာသည်။သူလည်းကိုကို့ကို ဖက်၍ငိုလိုက်သည်။

"အီး..ဟီး ကိုကို သားသေပြီထင်တာ ဗြဲ.."

"ဘာလို့နမော်နမဲ့နိုင်ရတာလဲဟမ်ခေတ်"

"သားကသေပြီးကိုကိုနဲ့အင်္ဂလန်မလိုက်ရတော့ဘူးထင်တာ အီး..ဟီး..ပြီးတော့ကိုကို့ ကိုရောမတွေ့ရတော့ဘူးထင်ခဲ့တာ ဗြဲ.."

"ခေတ် ညီလေးမငိုနဲ့တော့အခုဘာမှမဖြစ်ဘူးလေ ထ အဘတို့စိတ်ပူနေမယ်"(ဖိုးတိုး)

"ကိုယ်ချီသွားမယ် မငိုနဲ့တော့ခေတ်"

လွန်းစေတန်မောင်လည်းခေတ်ကိုချီပြီးအိမ်သို့ပြန်လာခဲ့သည်။ခေတ်ကတော့အတော်လေးလန့်သွားပုံရတယ် ကိုယ့်ကိုယ်ပေါ်မှာတစ်ရှုံ့ရှုံ့ငိုနေတာ။ကိုယ်သာလိုက်မလာခဲ့ရင်ဒီကလေးတော့မလွယ်ဘူး။အဘတို့အိမ်ရောက်တော့ အဘတို့ကအပြေးလာတယ် ခေတ်ကို ဝိုင်းထဲကကွစ်ပစ်လေးပေါ်မှာ အသာချပေးထားလိုက်တာတောင် ငိုနေတုန်းဘဲ။ဖိုးတိုးလည်း အဘတို့ကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။အဘတို့လည်း သူ့ကိုကျေးဇူးဝိုင်းတင်ကြသည်။အရီးခင်မြဆိုရင် မျက်ရည်တွေပါကျပြီး ခေတ်ကိုဖက်ငိုနေခဲ့သည်။ခေတ်ကိုလည်း သူ့အမတွေအကိုတွေကဝိုင်းချော့ကြသည်။ခဏကြာတော့အရီးခင်မြက ခေတ်ကိုချော့ပြီးတော့ပြောလာသည်။

Accidentally I met my future husbandWhere stories live. Discover now