part-6(U/Z)

208 10 0
                                    

"လေညှင်းမ ရှိန်း ငါမင်းတို့ကိုပြောစရာရှိတယ်"

"အင်းပြောလေ"

"အေးပြော"

"ဒီအပတ်စနေနေ့ ငါတို့အိမ်ကိုလာခဲ့ကြ ကိုကိုက သူ့သူငယ်ချင်းတွေနဲ့ စားပွဲလုပ်မှာတဲ့"

"ဟဲ့ငါတို့လာလို့ဖြစ်ပါ့မလား"

"အေးလေ မင်းကိုကိုကခေါ်ပါ့မလား"

"ကိုကို ကိုယ်တိုင်ပြောတာ မင်းတို့ကိုခေါ်လို့ရတယ်တဲ့ လာကြပါနော် မင်းတို့မလာရင်ငါတစ်ယောက်ထဲဖြစ်နေမှာ နော် နော်"

"ငါအိမ်ကိုပြောကြည့်မယ်"

"okလေ ငါကရတယ်လာခဲ့မယ်"

ခေတ်မင်းနေကြာတစ်ယောက်Uniသို့ရောက်တာနဲ့ရှိန်းစေသော်နဲ့မှိုင်းလေညှင်းကို လွန်းစေတန်မောင်ပြောသည့်အကြောင်းကိုပြောပြ၍အိမ်သို့လာရန်ခေါ်နေခြင်းဖြစ်သည်။ခဏအကြာသူတို့သုံးဦးအတန်းတက်ရန် သွားကြသည်။အတန်းထဲသို့ရောက်သည်နှင့်ခေတ်မင်းနေကြာခုံပေါ်တွင် မုန့်ထုပ်နှင့်ပန်းစည်းတစ်စည်းကိုတွေ့လိုက်ရသည်။ပန်းစည်းပေါ်တွင်ရေးထားသည့်စာက*ကြိုက်မယ်လို့မျှော်လင့်ပါတယ် မကြာခင်တွေ့ကြတာပေါ့ နေကြာလေး*လို့ရေးထားခြင်းဖြစ်သည်။ဘယ်သူဘယ်ဝါဆိုတာတော့ရေးမထားပါ။ထိုအချိန်တွင် မှိုင်းလေညှင်းမှစ၍စကားပြောလေသည်။

"ခေတ်မင်း အဲ့တာဘယ်သူပို့လည်းဆိုတာသိလား"

"ဟင့်အင်းငါမသိဘူး"

"ဘာဘဲဖြစ်ဖြစ် အချိန်တန်ရင်သိလိမ့်မယ်"

"အေးထားလိုက်တော့ အတန်းသာဆက်တက်မယ်"

ခေတ်မင်းနေကြာတို့မသိတာက ထောင့်တစ်နေရာကနေ သူတို့ကိုချောင်းကြည့်နေသူရှိနေသည်ဆိုတာကိုပင်။ထိုသူမှာ အမျိုးသမီးတစ်ယောက်မဟုတ်ဘဲအမျိုးသားတစ်ယောက်ဖြစ်လေသည်။ထိုအမျိုးသားသည်သူကိုယ်တိုင်သာကြားနိုင်လောက်သည့်အသံဖြင့်စကားအချို့ဆိုလိုက်လေသည်။

"မင်းကကိုယ့်အပိုင်ဘဲဖြစ်ရမယ်နေကြာလေး မကြာခင်ကိုယ့်ဆီမင်းရောက်လာမှာပါ"

ထို့သို့ပြောပြီးသည်နှင့် ထွက်သွားတော့သည်။ခေတ်မင်းနေကြာလည်းအများကြီးစဥ်းစားမနေတော့ဘဲ အတန်းသာတက်ရန်ပြင်လိုက်သည်။သို့သော်သူ၏စိတ်ထဲတွင် အမည်မဖော်နိုင်သောတစ်စုံတစ်ရာကိုခံစားမိလိုက်သည်။

Accidentally I met my future husbandWhere stories live. Discover now