အပိုင်း ၁

2.5K 48 0
                                    

Unicode

"ကျွန်တော် လက်မထပ်နိုင်ဘူး"

၆ နှစ်လောက် နိုင်ငံခြားမှာ ကျောင်းတက်ပြီး အိမ်ကိုပြန်ရောက်တာမှ ၁ လကျော်ကျော်ပဲ ရှိသေးတယ် အဲ့ဒါကို လက်ထပ်ရမယ်တဲ့လား အဓိပ္ပာယ်မရှိတာ

"မရဘူး ငါတို့ လူကြီးတွေအကုန်စီစဉ်ထားပြီးပြီ"

ဧည့်ခန်းထဲတွင် သားဖ နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်၍ စကားပြောနေကြခြင်းဖြစ်ပြီး အဖေဖြစ်သူ၏ဘေး‌တွင်တော့ အမေဖြစ်သူက တိတ်ဆိတ်စွာ ထိုင်၍ ဆိုးရွားလာနိုင်သော အခြေအနေကို ထိန်းပေးရန် စောင့်ကြည့်နေသည်။

"ကျွန်တော့်ကို နည်းနည်းလေးတောင် မပြောခဲ့ဘဲ အခုမှ စီစဉ်ထားပြီးပြီ ဆိုပြီး ပြောနေတာက ဘာသဘောလဲ"

"အခု မင်းကိုပြောနေတာဘဲလေ ငါတို့စီစဉ်တာကလည်း လွန်ခဲ့တဲ့ ၂ ရက်ကမှ စစီစဉ်တာ"

"ဘာအကြောင်းပြချက်နဲ့ လက်ထပ်ရမှာလဲ"

"မင်း အဘိုးရဲ့ အခြေအနေကို မင်းသိတဲ့အတိုင်းဘဲ
သူက မင်းကို ခန့်စင်လေးနဲ့ စိတ်ချသွားချင်တယ်တဲ့"

အဘိုးက ကျန်းမာရေးမကောင်းဘူး ဘယ်အချိန်ရောဂါပြန်ဖောက်မလဲဆိုတာ သေချာမပြောနိုင်ဘူး
ပြီးတော့ စိတ်ချမ်းသာမှုနဲ့လည်း သက်ဆိုင်နေတယ်ဒါပေမယ့် တစ်ခါမှတောင် စကားမပြောဘူးတဲ့သူနဲ့ ဘယ်လိုလက်ထပ်မှာလဲ မဟုတ်သေးပါဘူး

"ကျွန်တော် စဉ်းစားလိုက်အုံးမယ် အချိန်တော့ ပေးပါ"

"မင်းကို ရွေးချယ်စရာတွေအများကြီးရှိ‌နေလို့ ဆုံးဖြတ်ခိုင်းနေတာမဟုတ်ဘူး အသိပေးနေတာ မင်းမှာ လက်ထပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုဘဲရှိတယ်"

"ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်ကို အချိန်တော့ ပေးသင့်တယ်လေ"

"မင်းကို ငါပြော..."

"အစ်ကို"

နောက်ဆုံးတော့ စောင့်ကြည့်နေသည့်အမေ ဖြစ်သူ ဝင်တားရတော့မည့်အချိန်ကိုရောက်လာပြီ။

"သားငယ်ကို အချိန်ခဏ‌တော့ပေးလိုက်ပါ"

"သူက"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now