အပိုင်း ၁၁

378 9 2
                                    

Unicode

အိမ်က ထွက်ပြီး ခဏကြာ ကားမောင်းနေသော ခန့်စင်က

"ကိုယ် မေ့သွားတယ် ကိုယ်တကယ် တောင်းပန်ပါတယ်"

လင်းထက်ကတော့ ခန့်စင်မေးသည်ကို မဖြေဘဲ အရှေ့တည့်တည့်သာကြည့်နေ၍ သူသိချင်နေသည့် အရာကိုသာ မေးသည်။

"သူနဲ့က ဘယ်လိုသိတာလဲ"

"ဟင်..."

ရုတ်တရက်မေးလိုက်သောကြောင့် ကြောင်အနေမိသည့် ခန့်စင်ကို လင်းထက် စိတ်မရှည်တော့။ ခန့်စင်ဘက် အသာလှည့်၍ မျက်မှောင်များစုကျုံ့လျက်

"ကျစ် ဟိန်းသန့်လေ"

"အာ ဟိန်းသန့်လား သူက ကိုယ့်မိတ်ဆွေ အန်ကယ်မင်းလွင်ရဲ့သားလေ အဲ့ဒီက သိတာ"

"သူက ဘာလို့ အိမ်လာတာလဲ"

"မနေ့က ကားကို အန်ကယ်ယူသွားလိုက်လို့ ကိုယ့်ကားနဲ့ပြန်ဖို့ပေးလိုက်တာ အဲ့ဒါ ဟိန်းသန့်က လာပြန်ပေးတာ"

ဘာမှဆက်မပြောလာသည့် လင်းထက်။ ဟိန်းသန့်နဲ့အကြောင်းကိုလည်း မပြောချင်တဲ့ပုံပေါ်နေတာ‌ကြောင့် မမေးဖြစ်ခဲ့။ ဒီတိုင်း တိတ်တဆိတ်သာ ဆိုင်ကို လာလိုက်ကြသည်။

.........................................................................

ဆိုင်ရောက်တော့ အသီးသီး အင်္ကျီစမ်းဝတ်ကြည့်ကြသည်။

အရင်ပြီး သွားသည့် လင်းထက်က အပြင်ထွက်လာပြီး ဝတ်ထားသည့် အင်္ကျီကို မှန်ထဲတွင် သေချာကြည့်နေခိုက်

"လင်းထက် မြန်လိုက်တာ"

အနောက်မှ အသံကြား၍ လှည့်ကြည့်လိုက်တော့
တကယ့်ကို အကြည့်မခွာနိုင်ဖြစ်နေမိသည်။ ပုံမှန် ဝတ်နေကျ နဲ့ အနည်းငယ် ဆန်းသစ်ကွဲပြားထားသည့် suit ဖြစ်သော်လည်း ဒီလူနဲ့ သိပ်ကို လိုက်ဖက်လွန်းသည်။ ကတိုက်ကရိုက်ထွက်လာရ၍ ပုံမှန်ရုံးသွားသလို သေချာအကျအန ပြုလုပ်ထားခြင်းမရှိသည့် ဆံပင်နဲ့ဖြစ်နေသော်လည်း ကြည့်ရမဆိုးသွားစေ။ အမြင်တစ်မျိုးလေး ဆန်းသစ်နေကာ လိုက်ဖက်လွန်းနေသည်။ အခုဝတ်စုံ ၊ ဆံပင် သည်လည်း ထိုလူနဲ့သိပ်ကို ကြည့်ကောင်းလွန်းသည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWo Geschichten leben. Entdecke jetzt