အပိုင်း ၁၃

399 13 3
                                    

Unicode

အနားလျှောက်သွားကာ စားပွဲပေါ်သို့
ကုတ်အင်္ကျီ၊ ဖုန်း ပိုက်ဆံအိတ် ကားသော့တို့ကို တင်လိုက်သည်။ ပြီးတာနဲ့ အိပ်ပျော်နေသူကို အသာပွေ့ချီလိုက်သည်။ ခြေလှမ်း နည်းနည်းလောက်သာ လှမ်းရသေးသည် အနည်းငယ်လူးလွန့်လာပြီး မျက်လုံးလေးမှေးကျဉ်းစွာ ပွင့်လာသူ။ နောက်တော့ ကျွန်တော်ကိုတွေ့သွားပြီထင်သည် အိပ်ချင်းမူးတူးအသံလေးနဲ့

"အင်း.....  လင်းထက်"

"ဟုတ်တယ် ကျွန်တော် လင်းထက် ပြော ဘာလို့ စကားနားမထောင်တာလဲ ခင်ဗျား"

ရပ်လိုက်ပြီး ကြည့်ကာပြောလိုက်သည့်လင်းထက်၏ပုံစံက တစ်ခုခု အလိုမကျသဖွယ်။ အခုလည်း ဘာတွေအလိုမကျဖြစ်နေမှန်းကိုမသိဘူး ဒီကောင်လေး။ စိတ်ကအရမ်းတွေ အိပ်ချင်နေပြီဖြစ်တာကြောင့် မရတော့.....

"အင်း....."

တစ်ခုခုပြန်ပြောမလိုနဲ့ ရင်ခွင်ထဲ ပြန်အိပ်ပျော်သွားသည့်သူကို အိပ်ခန်းထဲ မနိုးအောင် လင်းထက်က သေချာ ဂရုတစိုက် ပွေ့ချီလာသည်။ အခန်းထဲရောက်တော့ ကုတင်ပေါ် အသာလေး ချပေးလိုက်ပြီး အပြင်မှာမိုးတွေကလည်းစဲနေပြီဆိုပေမယ့် အအေးဓာတ်ကလွှမ်းခြုံနေသဖြင့် နွေးနွေးထွေထွေးလေးဖြစ်အောင် အဲကွန်း သေချာညှိပေး စောင်သေချာခြုံပေးပြီး လင်းထက်သည် အောက်ထပ်မှာ ယူစရာရှိတာတွေ သွားယူလိုက်သည်။ ခန့်စင်ကတော့ လင်းထက်လုပ်ပေးထားသည်များ‌နှင့် နွေးနွေးထွေးထွေး အိပ်စက်နေသည်မှာ နှစ်နှစ်ခြိုက်ခြိုက်ပင်။

.........................................................................

ဒီရက်ပိုင်းအတွင်း ဝန်းထမ်းတစ်ချို့ အမှားလုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုရှင်းနေရသည်မှာ တော်တော်ပင်ပန်းနေသည်။ ဒီကိစ္စက အတွင်းလူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်သည်ထင်။ ဘယ်သူလဲဆိုတာ သေချာမသိ။ မှန်းဆရခက်သည်။

အခုတော့ ‌ပြီးသွားပြီဖြစ်သည်။ ဒီမနက်လည်း ထိုကိစ္စကိုရှင်းရမှာမလို့ ရုံးစောစောလာလိုက်သည်။ လင်းထက်တောင် မနိုးသေးပေ။ မနေ့ညကလည်း မိုးကအေးအေးနဲ့ ပင်ပန်းပြီးအိပ်ချင်တာရော ပေါင်းပြီး အိပ်ပျော်သွားတာ လင်းထက်ဘယ်အချိန်ပြန်ရောက်လဲတောင်မသိ‌လိုက်။ ရုတ်တရက်နိုးလာတော့ လင်းထက်က ပွေ့ချီထားသည်။ တွေ့လိုက်တော့လည်း အလိုမကျတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာပြောနေသည်လေ။ ဘာတွေအလိုမကျမှန်းကိုမသိဘူး။ အိပ်ချင်နေစိတ်ကလည်း များနေတော့ ပြန်အိပ်ပျော်သွားတော့သည်။ ညကတော့ မိုးအေးအေးလေးနဲ့ တော်တော်လေးကို အိပ်လို့ကောင်းသည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now