အပိုင်း ၄

691 23 0
                                    

Unicode

မနက်မိုးစင်စင်လင်းနေပြီဖြစ်တဲ့အချိန်တွင်တော့ တစ်ယောက်နဲ့တစ်ယောက်မျက်နှာမူကာ အိပ်နေကြတဲ့ ကောင်လေးနှစ်ယောက်

ခန့်စင်က အနည်းငယ်လူးလွန့်လာလေသည်။

မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ ကိုယ့်ကို မျက်နှာမူကာအိပ်နေတဲ့ ကောင်ချောလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

အခုမှနိုးတာကြောင့် မျက်လုံး ခပ်စင်းစင်းဖြင့် တိတ်ဆိတ်စွာ အသာကြည့်နေလေသည်။

အင်း.......ချောတယ် ကြည့်လေကြည့်လေ ချောလေပဲ မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်း မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက အပြစ်ပြောစရာရှိမနေပေ။

အိပ်ချင်မူးတူးဖြင့် လင်းထက်၏ ပါးပြင်ကို ထိတွေ့ဖို့လက်လှမ်းနေပြီးမှ ပြန်ရုတ်လိုက်သည်။

မိနစ်ပိုင်းမျှ ကြည့်နေမိပြီးမှ အိပ်နေသူ မနိုးသွားစေရန် အသာထကာ ရုံးသွားဖို့ပြင်ဆင်လိုက်‌လေသည်။

လင်းထက်ကတော့ အလုပ်မရှိသူပီပီ ခန့်စင် ရုံးရောက်သွားတဲ့အချိန်ထိပင် မထသေးပေ။

မနက် ၁၀ နာရီလောက်မှ နိုးလာတဲ့ လင်းထက်

"ရှိလည်းမရှိဘူး ဘယ်ရောက်သွားတာလဲ"

ပြောပြီး နာရီ လှမ်းကြည့်မိတော့ ၁၀ နာရီတောင်ရှိပြီဖြစ်သည်။

"အော် ဒါဆို ရုံးသွားတာဖြစ်မယ် ကြည့် ငါ့ကိုတောင် ဘာမှမပြောသွားဘူး စာလေးဘာလေးတောင် မကပ်သွားဘူး သူကအလုပ်သွားရမယ်ဆိုပြီး ငါ့ကိုတောင် မမြင်သွားဘူးလား မသိဘူး အလုပ်ရူးဆိုတော့"

မနက်မိုးလင်းစောစောစီးစီး မမူးဘဲ ရစ်စရာမရှိ ကြံဖန်ရစ်နေတဲ့ လင်းထက်ပါ။

လင်းထက်မျက်နှာသစ်ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာလိုက်သည်။

ဒီအိမ်က သူ့တို့နှစ်ယောက်အတွက် အဘိုးက မင်္ဂလာလက်ဖွဲ့ပေးထားတာပင်။ အိမ်ကြီးက ခြံဝန်းထဲမှာမှ ပေ ၆၀x၈၀ (edit- အစက ပေ ၄၀ ပတ်လည် ရေးမိထားလို့ ပြန်ပြောင်းထားပါတယ် တကယ့်ကို အခုမှပြောင်းလိုက်လို့ တောင်းပန်ပါတယ်နော်) နှစ်ထပ်အိမ်ဆောက်ထားပြီး ကားဂိုထောင် ၊ အပျင်းပြေနေလို့ရမယ့် နေရာ အသေးလေးတစ်ခု၊ ရေကူးကန် နဲ့ တစ်ခြားလွတ်နေတဲ့ နေရာတွေမှာ မြက်ခင်းစိမ်းပါးပါးလေးတွေရှိပြီး ညဘက် မှာလာထိုင်ချင်ရင်ဘဲဖြစ်ဖြစ်၊ ကြက်တောင်ရိုက်ချင်တာတို့ တစ်ခြား လုပ်ချင်တာတစ်ခုခုလုပ်လို့ရအောင်လုပ်ထားပေးသည်။ ခြံပတ်ပတ်လည်လည်မှာ သစ်ပင်တွေ ပန်းပင်တွေလည်းစိုက်ပျိုးထားသေးသည်။အိမ်ကို မိုးပြာရောင် နုနုလေးနဲ့ အဖြူနဲ့ သုတ်ထားပြီး တကယ့်ကို ချစ်စဖွယ် မိုးပြာရောင်အိမ်လေးပင်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now