အပိုင်း ၁၆

320 14 2
                                    

Unicode

Bar ကနေ ပြန်ခါနီး လင်းထက်နဲ့ စကားပြောစရာရှိလို့ ဆက်လိုက်တာဖြစ်သည်။ အဲ့ဒါ လင်းထက်နဲ့ စကားပြောပြီးမှ အပျော်လွန်ပြီး bar ကနေပြန်ချင်စိတ်ပျောက်ကာ ဆက်နေနေမိတာ။

လင်းထက်က ဒီနေ့မှ ထူးထူးခြားခြား အရမ်းတွေ ချိုသာနေသည်။ ‌စကားပြောလာခဲ့တဲ့ တစ်လျှောက်လုံး အချိုသာဆုံး အပျော့ပျောင်းဆုံး လင်းထက်ရဲ့အသံ လို့ပြောရမယ်။

ဒါပေမယ့် အရင်က ကျွန်မကို တစ်ခြားသူတွေ ပြောတာတွေလောက်တော့ ပျော့ပျောင်းချိုသာနေတာမဟုတ်ပေမယ့် ကျွန်မအတွက်တော့ ခုနကပြောတဲ့ လင်းထက်ရဲ့အသံက အခြားသူတွေထက် ချိုသာလွန်းသည်။ အချိုသာဆုံးသော အသံပင်ဖြစ်သည်။ ယောက်ျားဆန်ဆန်အသံက သိပ်နားထောင်လို့ကောင်းလွန်းပါသည်။ တကယ်ပျော်သွားတာ လင်းထက်က အဲ့လိုပြောလာမယ် မထင်ခဲ့ဘူး။

လင်းထက်က တို့ဘက်ကို စိတ်ယိမ်းလာပြီများလား။ ပြောသားပဲ တစ်နေ့ တို့ဆီ ယိမ်းယိုင်လာမှာပါလို့ ဟက်....။

အပျော်လွန်ကာ Bar မှာနေနေလိုက်ပြီး နည်းနည်းကြာတော့ သူငယ်ချင်းတွေ နှုတ်ဆက်ပြီး ပြန်ဖို့လုပ်တော့ အပြန်လမ်းမှာ လမ်းလျှောက်နေတုန်း ထောင့်ကျကျဝိုင်း တစ်ခုမှာတွေ့လိုက်ရတဲ့ လင်းထက်ကြောင့် ပျော်သွားပြီး သွားနှုတ်ဆက်ဖို့လုပ်လိုက်သည်။ အနားမရောက်ခင်မှာ ကြားလိုက်ရတဲ့

"မင်းကလည်း အစ်ကိုခန့်စင်က ရှက်‌သွားလို့‌ဖြစ်မှာပေါ့"

ခန့်စင်ဆိုတဲ့ နာမည်ကြားလိုက်ရလို့ ကိုယ့်ကို မမြင်နိုင်တဲ့ အနီးအနားမှာ အမြန်ရပ်လိုက်၍ နေနေလိုက်ပြီး ကောင်တာ ကိုလည်း တစ်ခွက်လှမ်းမှာကာ ဘာတွေပြောနေလဲ နားစွင့်နေလိုက်သည်။

ဆက်ကြားရတာကတော့

"ဟက် တော်ပါတော့ ဟေ့ကောင် "

"ပြီးတော့ ဖုန်းလာတယ်ကွာ သဇင် တဲ့"

သဇင်နှိုင်းမဝက ကိုယ့်နာမည်ကြားလိုက်ရတော့ မျက်လုံးက အရောင်တောက်သွားသည်။

"အော် ဟိုတစ်ခေါက်က ပြောတဲ့တစ်ယောက်လား"

"ဟုတ်တယ် အဲ့ဒါ ငါလည်း မင်းပြောသလို ဖြစ်နေမလား လို့ စမ်းကြည့်တယ်"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now