အပိုင်း ၁၈

876 17 7
                                    

Unicode

ဒီနေ့ညနေ အဘိုးက ဆိုင်းမဆင့်ဘုံမဆင့်နဲ့ရောက်လာသည်။ အခု‌တော့ ညစာစားပြီးကြ၍ အဘိုးနဲ့အတူ ခြံထဲမှာလမ်းလျှောက်နေသည်။ လင်းထက်လည်းပါသေးသည်။ ‌

ကောင်းကင်ကြီးက ကြည်လင်နေပြီး လေလေးတွေက တစ်ချက်တစ်ချက် တိုက်ခတ်တတ်သေးသည်။ အဘိုးက အလယ်မှာနေပြီး ကျွန်တော်နဲ့လင်းထက်က ဘေးတစ်ဖက်တစ်ချပ်စီမှာ။ လမ်းလျှောက်နေရင်း လင်းထက်က

"အဘိုး ဆရာဝန်ပြောတာ သေချာနားထောင်တယ်မလား"

လင်းထက်က မေးတော့

"နားထောင်တာလည်း နားထောင်တာပေါ့ အကုန်လုံးတော့ ငါဘယ်လုပ်နိုင်မလဲ"

"ဟုတ်ပါပြီခင်ဗျ အဘိုးသိလား ကျွန်တော် အကျင့်တွေက အဘိုးဆီက လာတာဖြစ်မယ်"

အဘိုးက လင်းထက် ပြောတာကို အလိုမကျဟန် မျက်မှောင်ကျုံ၍

"ဘာ...မင်းဆီက အကျင့်ဆိုးတွေက မင်းဘာသာမင်း သယ်တာလေ ဘာကို ငါ့ဆီကလဲ"

လင်းထက်ကလည်း အဘိုးပြောတာကို အလိုမကျဟန် မျက်မှောင်တကုတ်ကုတ်ဖြစ်နေသည်။ နှစ်ယောက်ကို ကြည့်ပြီး မျက်နှာက ပြုံးဆဆ ဖြစ်သွားရသည်။ အဲ့ဒါကို အလိုမကျနေတဲ့ လင်းထက်က ကိုယ့်ဘက်ကို မြှားဦးလှည့်လာတော့သည်။

"ခင်ဗျားက ဘာပြုံးတာလဲ"

"ဘာမဟုတ်ပါဘူး ဒီတိုင်း ကောင်းကင်က ကြည်လင်နေလို့"

အမြန်မျက်နှာပိုးသတ်၍ ပြောလိုက်ရသည်။

"လင်းထက် သွားပြဿနာရှာမနေနဲ့

ခန့်စင် လင်းထက်က သားကို ဂရုစိုက်ရဲ့လား"

"အဲ့ဒါ အဘိုးက ကျွန်တော့်ကို မေးရမှာနော်"

"ဟော....ဘယ်လို"

"အဘိုးမြေးသမက်က အလုပ်ပဲလုပ်နေတာ ကျွန်တော့်ကို ဘယ်သွားမလို့လဲလို့ မေးဖော်တောင်မရဘူး"

"လင်းထက် ဘာတွေပြောနေတာလဲ"

နေ့လည်တုန်းက ပြောမဝလို့ အခု အဘိုးကိုပါ တိုင်နေသည့် လင်းထက်ကို အလိုမကျတဲ့မျက်နှာနဲ့ ကြည့်ပေးလိုက်သည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now