အပိုင်း ၄၉ (Zawgyi)

277 5 3
                                    

Zawgyi

(အတတ်နိုင်ဆုံး အရှည်ကြီး ရေးထားပါတယ်♡)

"ဟား ဟား ဟား စကားတွေ အရမ်းတတ်နေတာပဲ"

လင်းထက်က ပြောရင်း ခန့်စင်ရဲ့ဘက် စောင်းငဲ့ လှည့်လာပြီး သူ့ပခုံးပေါ် တစောင်းလှဲတင်ကာ ကြည့်နေသူ မျက်နှာနား တိုးကပ်ပြီး နှာဖျားထိပ်ချင်း ပွတ်ဖွတော့ သဘောတကျ ရယ်သံ တိုးဖွဖွလေးက ထွက်ပေါ်လာတော့သည်

"သော်"

"အင်း လင်းထက်"

"အိပ်ကြတော့မလား"

"အစောကြီးပဲ ရှိသေးတယ် မဟုတ်လား ၊ မင်းဒီအချိန် မအိပ်တတ်ပါဘူး"

ခန့်စင်က ပခုံးပေါ်  မျက်နှာ တစ်ခြမ်းစောင်း လှဲရင်း လင်းထက်ကို ကြည့်ကာ မေးနေပြီး လင်းထက်ကလည်း စောင်းငဲ့ ငုံကိုင်းပြီး ကြည့်နေဆဲ ဖြစ်ပြီး တစ်ယောက်  အသက်ရှူငွေ့ နွေးနွေးပင် တစ်ယောက် ခံစားရနေသည်အထိ နီးကပ်နေဆဲပင်။

"မအိပ်တော့ မအိပ်သေးပါဘူး ၊ သော့်ကို ဖက်ထားချင်လို့"

"အခုကရော ဖက်နေတာ မဟုတ်ဘူးလား"

ရယ်သံစွက်ကာ မေးလာသည့် ခန့်စင်စကားကြောင့် လင်းထက်က မျက်ခုံးတွေ တွန့်ကျိုးပစ်သည်

"မတူဘူးလေ သော်!"

"ဟုတ်ပါပြီ ဒါဆို ကိုယ်တို့ မျက်နှာသစ် သွားတိုက်ပြီး ခြေလက်သန့်စင်ရအောင်"

ခန့်စင်က မူပိုင်အတိုင်း လေသံအေးလေးဖြင့် တည်တည်ငြိမ်ငြိမ် နဲ့ ခပ်ရေးရေး ပြုံးကာ ပြောလိုက်ရင်း လင်းထက် ဖက်ထားတာက ရုန်းထွက်လိုက်သည် ၊

"သော် အင်္ကျီ အရင်လဲမယ်လေ"

"ဟုတ်သားပဲ ကိုယ် ညဝတ် အင်္ကျီ မပါလာဘူး ၊ ဟိုဘက်အိမ်မှာ သွားယူရမှာ"

"ကျွန်တော် သွားယူပေးမယ်"

"မယူပါနဲ့တော့ ၊ မင်းမှာ ကိုယ်နဲ့ တော်လောက်တဲ့ ဝတ်စုံ မရှိဘူးလား လင်းထက်"

"သော်နဲ့"

လင်းထက်က ခန့်စင်ရဲ့ ခေါင်းအစ ခြေအဆုံး ကြည့်သည်

"မရှိဘူး ၊ သော်ပုံစံလည်း ကြည့်ဦး ၊ အရပ်ကို အရင်ကြည့်"

လင်းထက်က ပြုံးစစဖြင့် ခန့်စင်ကို ပခုံးချင်း ယှဉ်ရပ်ပြီး တိုင်းကာ ပြောသည်

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now