အပိုင်း ၅

652 19 0
                                    

Unicode

ပုံမှန်အတိုင်းဘဲ အချိန်တွေက ကုန်သွားရင်း လင်းထက်အလုပ်မရှိအကိုင်မရှိဖြစ်တဲ့ နောက်ဆုံးရက်လေးပင် ရောက်လာပါပြီ။

ဟူး မနက်ဖြန်ကစပြီး အလုပ်ဝင်ရတော့မှာ ဒီနေ့ တစ်ခုခုလုပ်ရင် ကောင်းမယ်။

နိုင်မင်းဆီ ဖုန်းဆက်လိုက်ပြီး
"အေး ပြော လင်းထက်"

"နိုင်မင်း မနက်ဖြန်ဆို အဖေ့ဆီမှာ ငါအလုပ်စဝင်ရတော့မယ် ဒီည‌သွားသောက်ရအောင်"

"ဟေ့ကောင် မင်းက အရင်လိုလူလွတ်မဟုတ်တော့ဘူး ဘာကိုသွားသောက်မှာလဲ"

"ဟာ ဘာဆိုင်လဲ အဲ့ဒါနဲ့ဘဲ ငါကမသောက်ရတော့ဘူးလား ဒါကသူနဲ့ဘာဆိုင်လဲ ငါ့ဟာငါသောက်တာ"

"မင်းဟာက ဟုတ်မှလည်း လုပ်ပါဦး"

"ဘာမှမဖြစ်ဘူး ညကျရင် သွားသောက်မယ် ဒါဘဲ"

လင်းထက်ကမျက်နှာမဲ့ရွဲ့၍

ဘာဖြစ်မှာမလို့လဲ ပြောထားပြီးသားပဲ လာမချုပ်ချယ်နဲ့လို့။ လက်ထပ်လိုက်တာနဲ့ဘဲ မသောက်ရတော့ဘူးလား။ မဟုတ်တာလုပ်နေတာလည်းမဟုတ်ဘူး။ နည်းနည်းပါးပါးသွားသောက်တာဘဲကို

"ဟယ်လို"

"ကျွန်တော် ဒီည နိုင်မင်းနဲ့ နည်းနည်းသွားသောက်မလို့ အဲ့ဒါလှမ်းပြောတာ"

နိုင်မင်းနဲ့ လို့တမင်ပြောလိုက်မိသည်။ မပြောလည်းရတာကို

"မနက်ဖြန်အလုပ်စဝင်ရတော့မှာလေ"

"ကျွန်တော်သိပါတယ်"

ခန့်စင် ဆက်တားချင်‌ပေမယ့် ချုပ်ချယ်တယ်၊ ကိုယ်ရေးကိုယ်တာ ဝင်စွက်ဖက်တယ် ထင်နေမှာစိုးလို့။ သူလည်း သူ့အခြေအနေသူသိမှာပဲ ကိုယ်‌တားလိုက်မှ တစ်မျိုးထင်ပြီး စိတ်ဆိုးသွားဦးမယ်။ သူက လူငယ်ဘဲရှိသေးတော့ လူငယ်ပီပီနေချင်မှာပေါ့လေ။ လက်ထပ်ထားတယ်ဆိုပြီး မချုပ်ချယ်နဲ့ လည်းပြောထားတော့

"အင်း အင်း အဲ့ဒါဆိုလည်း ပြီးရော ဒါဘဲနဲ့ ကိုယ်အစည်းအဝေးသွားရတော့မှာမလို့"

ကျသွားပြီဖြစ်တဲ့ ဖုန်းကိုကြည့်ရင်း လင်းထက်ကတော့ မျက်မှောင်ကျုံ့ပြီး

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now