အပိုင်း ၂၃

366 15 6
                                    

Unicode

ဒီနေ့ အင်္ဂါနေ့ ပါ
သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ ဒီနေ့ထိ ဟိုလူက ၅ ရက်လုံး စာမလာ သတင်းမကြားနဲ့ မဆက်သွယ်ခဲ့ပါ။ ပြောရမည်ဆို ကျွန်တော် ကိုယ်တိုင်ပဲ လွန်ခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ ည က ဟိုလူ့ရဲ့ လွမ်းကြောင်း ပြောတာကြားပြီး မဆက်သွယ်နဲ့လို့ ပြောလိုက်တာပင်။

နဂိုကတည်းက စကားသံလေး ကြားရင်ကို အမြန်ပြန်လာချင်မယ်မှန်းသိသည်။ အခုလို လွမ်းတယ် ဆို‌တဲ့ အသံခပ်အေးအေး မှန်မှန်လေး အဆုံးမှာ ကျွန်တော့်စိတ်တွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တော့သည်။ ဖြစ်နိုင်ရင် ‌အမြန်ဆုံး ကောက်ပြန်လာချင်ပေမယ့် ဒီဘက်က အလုပ်တွေက မပြီးပြတ်သေးတာကြောင့် ပြန်မရဖြစ်နေသည်။

အဲ့နေ့ကတည်းက ပျောက်သွားတယ်ပဲ ပြောရမလား။ တကယ်တမ်းတော့ မဟုတ်ဘူး။ နောက်နေ့ ကြာသပတေးနေ့မှာ ထပ်ဖုန်းဆက်ပါသေးသည်။ အဲ့ဒီအချိန်က ကျွန်တော်က ရုံးခန်းထဲမှာ ရှိနေတာဖြစ်၏။

Flashback

"အင်း ပြော ခင်ဗျား"

"လင်းထက်....."

ဟိုလူ့ဘက်က စကားစရုံ ရှိသေး ကျွန်တော် ပြောလိုက်သည်က

"ဘာပြောစရာရှိလို့လဲ မဆက်သွယ်ပါနဲ့ဆိုတာကို ကျွန်တော် မအားဘူး"

"မအားဘူးလား"

ထိုစဉ် တံခါး ခေါက်လာတာ‌ကြောင့် အတွေးရေမှူး ဖြစ်မည်။ အဲ့ဒါကြောင့် စားပွဲခုံပေါ်က ခလုတ်ကို တစ်ချက်ဖိနှိပ်ကာ လက်က အသံထွက်‌တဲ့ phone song ကိုလည်း ပိတ်လိုက်သည်။ ဒီတိုင်း တခြားအသံတွေ မဝင်သွားစေချင်လို့ပင်။

"ဝင်ခဲ့ပါ" ခလုတ်ကနေ တစ်ဆင့် အတွင်းရေးမှူးကို ဝင်လာခဲ့ဖို့ပြောလိုက်ပြီးတာနဲ့ phone song ပိတ်ထားတဲ့လက်ကို ခွာလိုက်ပြီး ခုနက ဟိုလူ့အမေးကိုပါ ပြန်ဖြေလိုက်သည်။

"အင်း အစည်းအဝေး ရှိတယ်"

ထိုသို့ပြောပြီးတာနဲ့ ချက်ချင်းကို အတွင်းရေမှူး ဟန်ဇော် က အခန်းထဲ ဝင်လာပြီး

"Boss အစည်းအဝေး မရှိပါဘူး ခင်ဗျ ခုနကပဲ boss ကိုယ်တိုင် အစည်းအဝေးမရှိတော့ဘူး  မနက်ဖြန်မှ လုပ်မယ်ဆိုလို့ ကျွန်တော့်ကိုတောင် အားလုံးကို ပြန်ပြောခိုင်းလိုက်တယ်လေ ခင်ဗျ ဘာလို့ အစည်းအဝေးမရှိတာကို ရှိတယ်ပြောနေရတာလဲ boss"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now