အပိုင်း ၂၆

363 18 10
                                    

Unicode

ထမင်းစား စားပွဲမှာ တစ်ယောက်တည်း မနက်စာအဖြစ် မုန့်ဟင်းခါး စားနေတဲ့ ခန့်စင်။ ရုံးသွားဖို့အတွက် suit ကို တစ်ခါတည်း ဝတ်ထား၏။ မျက်နှာက မရွှင်မပျဖြစ်နေကာ အစားကိုလည်း အဖြစ်သဘော အနေနဲ့ စားနေပုံပင်။ ထိုစဉ် ကြီးမေ ကဝင်လာ၍

"သား ထပ်ယူဦးမလား"

"တော်ပြီ ကြီးမေ"

ကြီးမေက ခန့်စင်အနားသွားလိုက်ကာ

"သား နည်းနည်းပဲ ထည့်ပေးဖို့ ပြောလို့ ကြီးမေ နည်းနည်းလေး ထည့်ထားတာလေ ထပ်ယူပါဦးလား သား"

"ကျွန်တော် ဝပြီ ကြီးမေ မယူတော့ဘူးနော်"

"အခုတလော သား အစားနည်းနေတယ်နော် ပိန်ကျသွားတယ် မျက်နှာက နွမ်းလျနေတာပဲ အားမရှိသလိုဖြစ်နေတယ် ဒါမစားချင်ရင် ဘာစားချင်လဲ ပြော ကြီးမေ လုပ်ပေးမယ်"

ကြီးမေက ခန့်စင် ကို ဂရုတစိုက်ကြည်ကာ စိတ်ပူစွာဖြင့် မေးသည်။

"ရတယ် ကြီးမေ ကျွန်တော် ဘာမှမဖြစ်ပါဘူး ဒီရက်ပိုင်း အလုပ်ရှုပ်နေတာလည်း ပါပါတယ် စိတ်မပူနဲ့‌နော်"

"ကြီးမေကတော့ အရင်လို မဟုတ်တဲ့ သားပုံစံကို စိတ်ပူတယ် သားရယ်"

ကြီးမေက စိတ်ပူနေသော လေသံဖြင့် ခပ်အေးအေးဆိုတော့ ခန့်စင်က ကြီးမေကို ကြည့်၍ ပြုံးပြလိုက်ပြီး

"စိတ်မပူပါနဲ့ ကျွန်တော် ဘာမှမဖြစ်ပါဘူး အပြင်ကနေလည်း စားစားလာတာရှိတော့ အိမ်ရောက်ရင် သိပ်မစားဖြစ်တာပါ"

အမှန်က ထိုသို့မဟုတ်သော်ငြား ခန့်စင်က ကြီးမေ စိတ်မပူစေရန် မုသားဆိုလိုက်သည်။

"အင်း ဟုတ်ပါပြီ ဒါပေမယ့် အခု သားကိုကြည့်ရတာ အားနည်းနေသလိုပဲ ဒီရက်ပိုင်း အလုပ်ကြီးပဲဆက်တိုက်လုပ်နေတာဆိုတော့ ဒီနေ့ တကယ်လို့ နားလို့ရရင် နားလိုက်ပါလား သားပုံစံက မရွှင်မလန်းနဲ့ အနားယူရမယ့်ပုံ ပေါ်နေတယ်"

"တကယ်တော့ မိုးအုံ့သလိုလေး ဖြစ်နေတော့ စိတ်က ထိုင်းမှိုင်းနေတာပါ ကျွန်တော် အလုပ်သွားတော့မယ်နော် ကြီးမေ "

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now