အပိုင်း ၃

609 24 0
                                    

Unicode

ဒီနေ့က လင်းထက်ဆိုတဲ့ကောင်လေးနဲ့ ကျွန်တော်လက်ထပ်ရမယ့်နေ့

မင်္ဂလာခန်းမထဲတွင် မြန်မာမင်္ဂလာဝတ်စုံ မိုးပြာရောင်နုနုကို ဝတ်ဆင်ထားကာ ကြွရောက်လာသော ဧည့်သည်တော်များကို လှည့်ပတ်ဧည့်ခံနေကြသော သတို့သားနှစ်ယောက်

နှစ်ဖက်မိသားစု ဝိုင်း သို့ရောက်သောအခါ

"အခုလိုမြင်ရတာ အဘိုးစိတ်ချမ်းသာလိုက်တာ
မြေးလေးခန့်စင် လင်းထက်လေးကို သားဆီအပ်ပါတယ်ကွယ်"

ခန့်စင်က လင်းထက်ကိုကြည့်မိသွားပြီး
ပြီးတော့မှ အဘိုးဘက်ပြန်လှည့်၍

"ဟုတ်ကဲ့ အဘိုး"

ထိုအခါ ခန့်စင်အမေမှ

"သားတို့နှစ်ယောက်က ဒီနေ့ကစပြီး တစ်ယောက်နဲ့တစ်ယောက် ဘာတွေဘဲဖြစ်လာဖြစ်လာ အေးအတူပူအမျှ ဖြတ်‌ကျော်သွားကြနော်"

သတို့သားနှစ်ယေက်က တစ်ယောက်နဲ့တစ်ယောက်တစ်ချက်မျှ ကြည့်လိုက်မိသည် နောက်မှ ပြန်လှည့်၍

"ဟုတ်ကဲ့ အမေ"

ထို့နောက် လင်းထက်အမေမှ

"သား အိမ်ထောင်သည်ဖြစ်သွားပြီနော် အနေအထိုင်တွေဆင်ခြင်တော့ ခန့်စင်လေး‌အပေါ်လည်းဆိုးမနေနဲ့"

"ဟုတ်ကဲ့ပါ အမေကလည်း"

ထပ်မံ၍ လင်းထက်အဖေမှ

"ဟေ့ကောင် အလုပ်လည်းဝင်လုပ်တော့ အလေဘဲလိုက်မနေနဲ့"

"အဖေကလည်း ကျောင်းပြီးတာမှမကြာသေးဘူး ခဏနားပါရစေ"

"ပြောလိုက်ရင် အဲ့ဒါဘဲ"

ဝိုင်းရှိလူတွေက အနည်းငယ် ပြုံးရိပ်သမ်းသွားကြသည်။

"မောင်လေး အစ်မညကျရင် ကြိုးလာတားမှာ အများကြီးပြင်ထားနော်"

"အစ်မတုန်းကတောင် နည်းနည်းဘဲပေးတာ ကျွန်တော်လည်း နည်းနည်းဘဲပေးမှာပေါ့"

"ဟွန့် အဲ့လိုပေါ့လေ"

ဝိုင်းရှိလူတွေအားလုံး မောင်နှမ နှစ်ယောက်ကို ကြည့်ရင်း ရယ်မိကုန်ကြသည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now