အပိုင်း ၂၇

478 21 6
                                    

Unicode

(လွန်ခဲ့သော တစ်နာရီခန့်က)

Suit အနက်ရောင် နဲ့ လင်းထက်က ရုံး သွားဖို့ ကွန်ဒိုတံခါးကို ဖွင့်ရန် လက်အလှမ်းမှာ မြည်လာတဲ့ ဖုန်းသံကြောင့် ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်။ မြင်လိုက်ရသည့် နာမည် ကြောင့် မျက်နှာကြီး မဲမှောင်ကျသွားတော့၏။ အဘိုးက ဆက်လာတယ်ဆိုတော့ ဘာတွေ ဆူဦးမလို့လဲ မသိဘူး။

"ဟယ်လို အဘိုး"

"မင်း ဘာတွေ လုပ်နေတာလဲ ဟမ်!"

ဖုန်းကို စဖြေရုံရှိသေး ဒေါသတကြီးနဲ့ အော်လိုက်တဲ့ အဘိုးကြောင့် နားကနေပါ ဖုန်းကို ခဏမျှ ခွာလိုက်ရသည်။

"အဘိုး ကျွန်တော့်နား ကွဲပြီလား မသိဘူး"

"‌မင်း အိမ်မှာ မနေဘူးမလား ၊ အခု ဘယ်မှာလဲ ငါ့ကိုပြောစမ်း!"

"အဘိုးကို ဟိုလူပြောတာလား"

တကယ်တော့ ဟိုလူက အဲ့လို ပြန်ပြောမယ့်သူတော့ မဟုတ်ပေ။ ဒါပေမယ့်လည်း အခုလို ဒေါသတကြီးပြောနေသည်ကြောင့် စိတ်က အရွဲ့တိုက်စွာ မေးချင်လာသည်။

"ကိုယ့် အိမ်‌ထောင်ဘက်က ဘယ်လိုလူလဲ အခုထိ မင်းမသိဘူးလား ဟမ် ! ခန့်စင်လေးက အခုလို ပြောမယ့်သူလား ၊ ငါ့ကို မေးခွန်းတွေ ပြန်မထုတ်စမ်းနဲ့ မေးတာသာ ဖြေ လင်းထက်!"

"ဟွန့်! အဘိုးသွေးတိုးမှာ စိုးလို့နော် ၊
အခု moonlight condo မှာ"

"၄ ရက်လောက်ရှိနေပြီဆို ဘာတွေ ဖြစ်ထားကြလို့ အဲ့မှာနေနေတာလဲ ၊ မင်း အရင်လို မဟုတ်တော့ဘူး ငါတို့နဲ့ စကားများတိုင်း နားပူဒဏ် မခံနိုင်လို့ ရွဲ့ပြီး အိမ်ပေါ်က ဆင်း ဆင်းနေလို့ရမလား ၊ အခု မင်းက အိမ်ထောင်သည် ဖြစ်နေပြီ ၊ နည်းနည်းပါးပါး ရင့်ကျက်စမ်းပါ"

ဘာမှ မပြောဘဲ စကားဆုံးတဲ့အထိ နားသာ နားထောင်နေပေမယ့် လင်းထက်ကတော့ မျက်နှာကြီး ပုတ်သိုးကာ မျက်ခုံးတွေလည်း တွန့်ကျိုးပြီး စိတ်ညစ်ဟန်ဖြစ်နေသည်။ စကားဆုံးတာနဲ့ လင်းထက်က

"အဲ့ဒါပြောချင်တာမလား ၊ ဒါပဲ ကျွန်တော် ရုံးသွားရဦးမယ် "

"ဟေ့ကောင် နေဦး! ငါပြောမပြီးသေးဘူး!"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now