အပိုင်း ၁၅

972 21 2
                                    

Unicode

အခုချိန်အထိ အခန်းရှေ့ ဝရန်တာမှာ ရပ်နေမိတုန်းဖြစ်သည့် ကောင်လေးတစ်‌ယောက်။ ညလေအေးက တဖြူးဖြူး တိုက်ခတ်နေပြီး ထိုကောင်ချောလေး၏  ဆံပင်သည်လည်း တလွင့်လွင့်နှင့်။

ချမ်းစိမ့်လွန်းလို့ လက်တွေတောင် အေးစက်နေသော်လည်း ထိုသူကတော့ အနွေးထည်ကိုလည်း မဝတ်ထားဘဲ ထိုနေရာတွင် ဖုန်းကို ဆုပ်ကိုင်ထားလျက် လက်ပိုက်ပြီးသာ နေနေသည်။ မျက်ဝန်းထဲတွင် ပူလောင်နေခြင်းတို့က အပြည့်ဖြစ်နေမှန်း မြင်တဲ့သူတိုင်း သိနိုင်တဲ့အထိကိုပင်။

ထိုကောင်လေးက ဖုန်းကိုဖွင့်ပြီး နာရီကို ကြည့်လိုက်သည်။ သက်ပြင်းကို အသာချလိုက်ပြီး ရွေ့လျားနေတဲ့ တိမ်စိုင်တွေဆီကို အကြည့်တွေက ရောက်သွားတော့သည်။ 

လင်းထက်နဲ့ ဖုန်းပြောပြီးကတည်းက ဒီမှာ ရပ်နေတာ ၄၅ မိနစ် လောက်ရှိပြီဖြစ်သည်။ လင်းထက်  အခုထိပြန်မရောက်သေး။ အိမ်နဲ့ ထိုခရီးဟာ ဘယ်လောက်‌ရှိသလဲဆိုတာ မသိပေ။ စိတ်တွေကို လျော့ချထားရသည်။

အတွေးတွေကို နယ်မကျွံ့စေချင်သလို လင်းထက်ကို အန္တရယ်ကင်းကင်း ပြန်ရောက်စေချင်သည်ကြောင့်ပင်။ ကိုယ့်ဘက်က စိတ်ပူပန်နေမှုများပြီး လင်းထက် လမ်းခရီး အဆင်မပြေဖြစ်မှာ စိုးသည်။ ထို့ကြောင့် လင်းထက်ကို ဘေးကင်းကင်း ပြန်ရောက်စေချင်သည်ကြောင့် စိတ်တွေကို လျော့ချနေမိသည်။

နောက်ထပ် ၁၀ မိနစ်လောက်အကြာ

လင်းထက်၏ ကားကို ခြံဝတွင်တွေ့လိုက်ရသည်။ ထိုအချိန်မှသာ ရင်ထဲက အလုံးကြီးကျသွားသလိုပင်။
ခန့်စင်က သက်ပြင်းကို အသာချလိုက်သည်။

သို့ပင်မယ့် အခုဘာလုပ်ရမှန်းမသိ။ လင်းထက်ကို မေးရမှာလား။ မမေးရဘူးလား။ ဘာလုပ်ရမှန်းမသိတော့။ လင်းထက် အခန်းထဲမရောက်ခင် အမြန် အိပ်ရာဆီပြန်သွားပြီး ‌လှဲလိုက်ကာ စောင်ကိုခြုံပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။

ဟာ.....မီးတွေက ဖွင့်ထားတာပဲ။
အဲ့ဒါကြောင့် ပြန်ထကာ မီးတွေပိတ်ရပြန်သည်။ ညအိပ်မီးသာ ဖွင့်ထားလိုက်ပြီး အိပ်ရာပေါ်  ပြန်လှဲကာ စောင်ကို အသာခြုံထားလိုက်သည်။ တစ်ယောက်တည်း ပြာယာခတ်နေမိသည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now