အပိုင်း ၃၁

370 11 4
                                    

Unicode

"ဟယ်...ဟယ်လို ဟိန်းသန့်"

"အစ်ကို"

ဟိန်းသန့်က ပုံမှန်မဟုတ်သလို ဖြစ်နေတဲ့အသံအနေအထားကြောင့် အရင်ခေါ်ကြည့်တော့ ဟိန်းသန့်ရဲ့ ထိုအသံထွက်ပေါ်လာတာနဲ့ လင်းထက်ရဲ့ မျက်နှာက ပို၍ တည်တင်းသွားကာ အကြည့်တွေကအစ အလိုမကျနေမှုများ ပြည့်နှက်လာသည်။

"တစ်ခုခုဖြစ်လို့လား အစ်ကို့အသံက တစ်မျိုးပဲ"

"ဘာ ဘာမှမဖြစ်ပါဘူး ဟိန်းသန့် ၊ လိုင်းမရှင်းတာ ထင်တယ် ၊ ဒါနဲ့ ကိုယ့်ကို ဖုန်းဆက်တာက"

ခန့်စင်က အသံကိုထိန်းပြော၍ အဆင်ပြေမည့် အကြောင်းအရာကို မုသားဆိုလိုက်သည်။ လင်းထက်ကို ကြည့်ကြည့်တော့ အခုထိ မျက်နှာထားက တည်တင်းနေတုန်းပင်။ မျက်မှောင်တွေသည်လည်း ခပ်တင်းတင်း စုကျုံ့ထားဆဲ။ အခုထိ ပေါင်ပေါ်မှာရောက်နေတဲ့ ဒီအခြေအနေကို မနေတတ်စွာ ရုန်းကြည့်နေပေမယ့် မလွတ်နိုင်။ ခါးတစ်ဝိုက်မှာရှိနေတဲ့ လက်တစ်ဖက်ဟာလည်း မြဲမြံစွာ ပွေ့ဖက်ထားနိုင်ဆဲပင်။

"သန်ဘက်ခါကျရင် လာခဲ့ဖို့ပါ ၊ ရုံးကို ကိုယ်တိုင် လာပြောဖို့ပေမယ့် အစ်ကို အခက်တွေ့မှာစိုးလို အဲ့ဒါကြောင့် ဖုန်းပဲဆက်လိုက်တာ ၊ အဖေပေးခိုင်းထားတဲ့ ဖိတ်စာလည်း ရပြီမလား အစ်ကို"

"ဟိုတစ်နေ့က ရတယ် ဟိန်းသန့်"

မသိသာအောင် တကယ့်ကို အသံတွေ ထိန်းပြောနေရသည်။ လင်းထက် နဲ့ အခုလိုအခြေအနေဖြစ်ပြီး ပြောနေရသည့်အတွက် ရင်တွေကတဒိတ်ဒိတ်နဲ့ ခုန်နေတာ အဆက်မပြတ်ပင်။ နီးကပ်နေသည့် အခြေအနေကြောင့် ရနေသည့် စွဲမက်ဖွယ် ယောကျ်ားဆန်ဆန် ကိုယ်သင်းနံ့ကလည်း တိုးဝင်လို့နေသည်။ ကြာရင် ဘယ်လိုမှ ဟိန်းသန့် မသိသာအောင် ထိန်းလို့ရတော့မည် မဟုတ်ပေ။ အမြန်ဆုံး ဖုန်းချပြီး ပေါင်ပေါ်က ဆင်းဖို့လုပ်မှ ဖြစ်တော့မည်။

"အစ်ကို လာခဲ့မယ် မလား"

"အင်း ကိုယ်လာခဲ့မယ် ဟိန်းသန့်"

"ဟုတ်ပြီ ဒါဆို အဲ့နေ့ကျရင် တွေ့ကြမယ် အစ်ကို ၊ ဒါနဲ့ အခု ဖုန်းဆက်လိုက်တာ အားရော အားရဲ့လား အစ်ကိုက ညဘက်လည်း အလုပ်လုပ်တတ်တော့ ဒီထက်နောက်ကျရင်လည်း အိပ်ချိန်ရောက်သွား....

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now