အပိုင်း ၂၀

348 10 4
                                    

(ခန့်စင်ဘက်ကအတွက် ဒီသီချင်းလေးကို recommend ပေးပါတယ်💗)

(တနင်္ဂနွေနေ့)

ညအိပ်မီးသာ မှိန်ပျပျရှိနေသော အခန်းလေးထဲတွင်မနက် ၃ နာရီ လောက်ကြီး ခန့်စင်တစ်ယောက် နိုးထလာသည်။ ပုံမှန်ဆို နိုးလေ့မရှိပေမယ့် ဒီနေ့မှာတော့ရုတ်တရက် နိုးသွားရသည်ပင်။

နိုးထလာတာနဲ့ ခံစားလိုက်ရသည်က ခါးတစ်ဝိုက်မှာ မြဲမြံစွာ ဖက်တွယ်ထားတဲ့ လက်တစ်ဖက်ကိုပင်။ ထိုလက်ဟာ ကျွန်တော့်ရဲ့ လက်ကိုပါ အပေါ်ကနေ ထပ်အုပ်ကိုင်ထားသေးသည်။ ထိုသူ၏ လက်မောင်းတစ်ဖက်ပေါ်မှာ တစ်ညလုံး ခေါင်းတင်ကာထားပြီး နောက်ကျောကနေ တင်းကြပ်စွာ သိုင်းဖက်ခံထားရသည်။ နီးကပ်လွန်းတဲ့ ခန္ဓာကိုယ်နှစ်ခုကြောင့် အသက်ရှု‌ငွေ့ နွေးနွေး‌လေးက လည်ပင်းသားကို လာရိုက်ခတ်သည့်အခါ တည်ငြိမ်နေသောနှလုံးသားဟာ ရုတ်ချည်း လှုပ်ခတ်သွားလေသည်။ ထိုသူ၏ နွေးထွေးလှသော ရင်ပြင်ကျယ်ထဲတွင် ကျောကပ်ကာ ထားပြီး ထိုရင်ခွင်ထဲရောက်နေသည်ဆိုသော အသိက ပျော်ရွှင်မှုနဲ့အတူ ကြည်နူးမှုကိုပါ တစ်ဆက်တည်း ခံစားရစေသည်ပင်။

ထပ်ပြီး လင်းထက်နှင့် မနေ့ညက အကြောင်း ပြန်တွေးမိတော့ နှုတ်ခမ်းသားဟာ အလိုလို လှုပ်ရှားမိသွားသည်။ စကားမများချင်တော့တာကြောင့် ပြန်လာရင် ဘာစကားမျှ မပြောဘဲ အိပ်နေမည်ဟုတွေးထားသော်လည်း တကယ်တမ်း ပြန်ရောက်လာတော့ အခြေအနေတွေက ပြောင်းလဲသွားသလို။ လင်းထက်ဟာ ဒေါသတွေမရှိတော့ဘဲ ရင်ခုန်အောင်တောင် လုပ်လိုက်သေးသည်။ နှလုံးသားအစုံကတော့ ရင်ခုန်သည်ထက် ပို၍ ရင်ခုန်စိတ်လှုပ်ရှားကာ ကြည်နူးမှုအပြည့်ပင်။

ထိုစဉ် တစ်ဆက်တည်းမှာပဲ အတွေးထဲ ဝင်ရောက်လာသည့် အကြောင်းအရာတစ်ခုက စိတ်အစဉ်ကို မှိုင်ကျသွားစေသည်။
အိမ်ထောင်သက် ၄ လနီးပါး တစ်လျှောက်လုံး အခုလိုမျိုး တစ်ခါမျှ မခွဲခဲ့ဖူးပေ။ ဒါဟာ ပထမဆုံးအကြိမ်ပင်။ လင်းထက်နဲ့ ခွဲရမည်ဟု တွေးလိုက်မိသည်နှင့် ရင်ထဲမှာ တစ်ခုခုလစ်ဟာသွားသလို ခံစားချက်မျိုး။ ခဏမျှသာ ဆိုသည်ကို သိသော်လည်း ဟာတာတာဖြစ်နေသည့် ခံစားချက်ဟာ ထိန်းမရ။ ဒီကောင်လေးအပေါ် ဒီလောက်ထိ ခင်တွယ်နေခဲ့မိသည်ဟု ကိုယ့်ကိုယ်ကိုယ် မထင်မိခဲ့။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now