Unicode
ညဘက် အပြင်မှာ မိုးတွေ အနည်းငယ်ရွာနေပြီး ပြင်းပြင်းထန်ထန်တော့ မဟုတ် ၊ လေတွေလည်း ပြင်းပြင်းထန်ထန် တိုက်ခတ်နေသည် မဟုတ်ဘဲ မိုးတွေကသာ အနည်းငယ် ရွာသွန်းလို့နေသည်။
ကားထဲက lover seat မှာ ထိုင်နေတဲ့ မိန်းကလေးက အပြင်မှာ ရွာသွန်းနေတဲ့ မိုးရေစက်တွေကို ကားမှန်ကနေ တစ်ဆင့်ကြည့်ပြီး ခပ်ညစ်ညစ် ပြုံးသည်။
ဘေးခုံက driver seat မှာ ယောကျာ်းလေးတစ်ယောက်လည်း ရှိပြီး သူကတော့ သူမရဲ့ အပြုံးကို သိနေသဖွယ် ကြည့်နေသည်။
ထိုမိန်းကလေးက ခပ်ညစ်ညစ်ပြုံးနေရာမှ ဖုန်းနံပါတ် တစ်ခုကို ခေါ်ကာ မိုးရေစက်တွေရှိရာ မှန်ပြတင်းပေါက်ဆီ အကြည့်က ပြန်ရောက်သည်။ ခဏမျှအကြာမှာတော့
"ဟယ်လို သဇင်"
ယောက်ျားဆန်ဆန် အသံလေး တိုးဝင်လာတဲ့အခါ သူမရဲ့ အကြည့်တွေ ဝင်းပသွားသည်။ ပြီးနောက် လေသံကို ပျော့စေကာ
"လင်းထက် ၊ တို့လေ ပြောစရာလေးရှိလို့ပါ ၊ အကူအညီလည်း တောင်းချင်လို့ ၊ အခုက ....မှာ ၊ အဲ့ဒါ ဒီမှာ မိုးတွေ ရွာပြီး ဒုက္ခရောက်နေတာ"
သူမရဲ့အသံကို အဆင်မပြေဖြစ်နေတဲ့ အသံပေါ်စေရန် ပုံမှန်ထက် ပိုပြီး ပျော့ကာ ထားပြီး ဒုက္ခရောက်ပြီး အပြစ်လုပ်ထားသလို စိုးရိမ်နေသဖွယ်။
"အဆင်မပြေဖြစ်နေတာလား သဇင်"
"ဟုတ်တယ် အရေးကြီး သွားရတဲ့ တခြား မြို့ကနေ ပြန်လာရင်း မြို့ပြင်နားမှာ ကားပျက်နေတာ ၊ မိုးတွေကလည်း သည်းနေတော့ ၊
အခုလိုလည်း ကားပျက်မယ် မထင်ထားလို့ တို့ လူယုံတွေက တခြားတစ်ဖက်တွေကို လွှတ်ထားမိလိုက်တာ ၊ တို့ဆီ လာဖို့ တော်တော် ကြာမှာ"
"ကားပျက်နေတာ?"
"ဟုတ်တယ် ၊ အဓိကကလေ Starlight Company နဲ့ ပတ်သက်တဲ့ project စာရွက်တွေ ၊ ဒီည မသုဆီ ပို့မှ ရမယ့်စာရွက်တွေလေ ၊ အဲ့ဒါ တို့ဆီ မှားပါလာတာ"
"ဘာ!!! ၊ ဘယ်လို?"
စိုးရိမ်သံနဲ့ ခပ်မာမာ အော်လိုက်သည့် အသံကြောင့် ဖုန်းကိုပါ နားနှင့် ခွာလိုက်မိသည်။
YOU ARE READING
အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + Zawgyi
Romance"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်ကို လက်ထပ်ဖို့ လက်ခံခဲ့ပြီးပြီ ၊ ကျွန်တော့်ဘဝထဲကို ဝင်လာပြီးမှ ပြန်ထွက်ချင်တိုင်း ထွက်လို့မရဘူး" လင်းထက်နေသော် "အဘိုးကြောင့် ဖြစ်တည်လာတဲ့ ဆက်ဆံရေးဆိုပေမယ့် ကိုယ် တကယ် အဆုံးထိ တည်တံ့ချင်တယ်" ခန့်စင်သော်နိုင် လင်းထ...