အပိုင်း ၂၄

380 16 6
                                    

Unicode

"ဝင်ခဲ့ပါ"

ခလုတ်ကနေတစ်ဆင့် ပြောကြားမှုအဆုံး အခန်းတံခါးကို ဖွင့်၍ ဝင်လာသူက ဟိန်းသန့်။

"အာ ဟိန်းသန့်"

ဟိန်းသန့်ကို တွေ့တော့ ခန့်စင်က ထိုင်ခုံပေါ်မှ ထပြီး ဆိုဖာတွေဆီလျှောက်သွားလိုက်သည်။

"ဆိုဖာ မှာပြောရအောင် ထိုင် ဟိန်းသန့်"

ဟိန်းသန့်လည်း ခန့်စင်ရဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး

"နှုတ်ထွက်စာကို HR မှာတင်ပြီးပြီ အစ်ကို။ အခုက သပ်သပ်နှုတ်ဆက်ချင်လို့ အားရဲ့လား အစ်ကို"

"ရပါတယ် ဟိန်းသန့်။
ဒီအတောအတွင်း ကောင်းကောင်းလုပ်ခဲ့တယ်နော် တော်တယ် ဟိန်းသန့်"

"အစ်ကို့ကို ကျေးဇူးတင်ပါတယ် ဒီမှာ ကျွန်တော် တော်တော်လေး သင်ယူခဲ့ရတယ် အစ်ကို"

"မင်းဘက်ကလည်း သင်ယူချင်စိတ်နဲ့ ကြိုးစားလုပ်ခဲ့လို့ပါ ကိုယ် အလုပ်အတူတူ တွဲလုပ်ဖို့ စောင့်နေမယ် ဟုတ်ပြီလား"

ခန့်စင်က ပြုံးလျက် ပြောပြသည်။ ထိုအပြုံးတွေက တည်ငြိမ်ပြီး ဖြူစင်ကာ အေးချမ်းသည်။

"ဟုတ်ကဲ့ အစ်ကို ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"

ဟိန်းသန့်က ပြောကာ ထလိုက်တော့ ခန့်စင်လည်း လိုက်ထလိုက်ပြီး ဟိန်းသန့်ရဲ့ ပါးက တစ်စုံတစ်ခုကို သတိထားမိသွားသည်။

"နေဦး ဟိန်းသန့်"

"ဟင်! ဘာလို့လဲ အစ်ကို"

ဟိန်းသန့်ပြောပြီးတာနဲ့ ခန့်စင်က ဟိန်းသန့်အနား တိုးကပ်သွားလောက်ပြီး သေချာကြည့်၍ ပြောသည်က

"မင်း ပါးမှာ တစ်ခုခု ကပ်နေသလိုပဲ"

"ကျွန်တော့်ပါးမှာ?"

ဟိန်းသန့်က ပြောလျက် သူ့ပါးသူ ထိကြည့်သည်။

"Correction pen ‌ပဲ"

ဟိန်းသန့်က ခဏမျှ စဉ်းစားလိုက်သည်။ correction pen ?၊ ဘယ်ကလဲ??

"အော် ခုနက ကျွန်တော် correction pen သုံးရင်း ပေသွားတာဖြစ်မယ်"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now