အပိုင်း ၈

1.3K 21 2
                                    

Unicode

"ခင်ဗျား ပြီးပြီလား ပြီးရင် မနက်စာသွားစားမယ်"

ရေချိုးမျက်နှာသစ်သွားတိုက်ပြီး ထွက်လာတော့ ဆိုဖာပေါ်မှာထိုင်နေသည့် လင်းထက်၏အမေးစကား နဲ့တိုးသည်။

"အင်း ပြီးပြီ မင်းက ထတာ ကြာနေပြီမလား အခုထိမစားရသေးဘူးလား"

"အင်း ပြန်အိပ်လိုက်လို့"

လင်းထက်က ထိုသို့သာပြောရင်းထ ရပ်ပြန်သည်။

စိတ်ထဲတွင်‌ တကယ်တော့ ခင်ဗျားကို စောင့်နေတာလေ

"အဲ့ဒါဆို ‌မျက်နှာလေးဘာလေး နည်းနည်း ပြန်သစ်လိုက်ပါလား"

"မသစ်ချင်ဘူး သွားရအောင် လာ"

"သစ်လိုက်ပါ ခဏပဲကြာမှာ လန်းသွားအောင်"

"မလိုဘူး အခုလည်း လန်းပြီးသားပဲ"

"မျက်နှာမသစ်ပဲ မနက်စာ စားသလိုဖြစ်....."

"ခင်ဗျား တော်တော် စကားများတာပဲ လာဆို လာလိုက်ပေါ့ လာသွားမယ် ဘာမှထပ်မပြောနဲ့"

စကားဆုံးအောင်တောင်မပြောရသေးခင်မှာပဲ ကိုယ့်ဆီ လျှောက်လာပြီး လက်မောင်းကနေလာဆွဲလေသည်။ အသံမှာလည်း စိတ်မရှည်ခြင်းတွေ ကပ်တွယ်နေသေးသည်။

"လွှတ် ကိုယ့်ဟာကိုယ် သွားမယ်"

ဘာမှပြန်မပြောပဲ ဆွဲလာပြန်သည်။ လှေကားရင်း‌နားရောက်တော့

"လွှတ်လို့ လင်းထက် ကိုယ်နာနေပြီ"

ထိုအခါမှသာ လွှတ်ပေးလာသည်။ ပြီးနောက် ကိုယ့်ကို‌တောင် တစ်ချက်မကြည့်သွားဘဲ အောက်ကိုဆင်းသွားပြန်ပြီဖြစ်သည်။ ခုနအဖြစ်အပျက်ရော အခုအဖြစ်အပျက်ရောပါ တွေးမိတော့ ဘာလို့မှန်းမသိ ဝမ်းနည်းချင်လာသည်။ အောက်မဆင်းသေးဘဲ လှေကားရင်းမှာသာ တိတ်တဆိတ်ရပ်နေမိသည်။

"ခင်ဗျား ကျောက်ရုပ်ဖြစ်သွားတာလား မဆင်းလာသေးဘဲ"

‌လှေကား အောက်ကနေ ပြောနေသည့် လင်းထက်

ထိုအခါမှ အသိဝင်၍ ဆင်းလာမိတော့သည်။

အောက်ရောက်တော့ လင်းထက်က

"ခင်ဗျားကလေ တစ်ခါပြောတာနဲ့မရဘူး"

"ကိုယ်ကလည်း မင်းကို အကြိမ်ကြိမ်‌ ပြောခိုင်းမနေပါဘူး"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now