ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1K 145 1
                                    

Chapter 33
October 03, 2023
Chapter 33

သီချင်းခေါင်းစဉ်ကို ပိုင်ရဲ့မှပြောလိုက်ပြီးနောက် ချီရှင်းချန်၏ပထမဦးဆုံးတုန့်ပြန်မှုမှာ " ကျွန်တော် ယောင်္ကျားလေးဆိုရမဲ့နေရာကိုဆိုချင်တယ်… ကျွန်တော်ကတော့ သွားလက်ထပ်လို့မရဘူးလေ…"

ပိုင်ရဲ့မှ " ယောင်္ကျားလေးအပိုင်းမှာ ရက်ပ်တွေပါတယ်… မင်းဆိုနိုင်လို့လား…"

" အိုး…" ချီရှင်းချန် သူ၏ကံကြမ္မာကိုသာ လက်ခံလိုက်ရသည် " ဒါဆိုလည်း မိန်းကလေးဆိုရမဲ့နေရာပဲ ဆိုလိုက်ပါတော့မယ်…"

ဤသို့ဖြင့် ချီရှင်းချန် နောက်ခံတီးလုံးရှာရန် ဖိအားပေးခံလိုက်ရပြီးနောက် ပိုင်ရဲ့နှင့်အတူ စင်ရှေ့သို့ ပြန်လာခဲ့သည်။

ခြင်္သေ့အကအပြီးတွင် ဧည့်သည်များမှာ ဖျော်ဖြေမှုများပြီးဆုံးသွားသည်ဟု ထင်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခြင်္သေ့အကထက် ပို၍စိတ်ဝင်စားစရာကောင်းသည့်အက ထက်ရှိရန် ခဲယဉ်းလှပေသည်။

၎င်းမှာ ချောမောသောလူငယ်လေးနှစ်ဦးမှ မိုက်ခရိုဖုန်းကိုယ်စီဖြင့် ထွက်လာချိန်အထိသာ ဖြစ်သည်။

တစ်ဦးမှ ယနေ့မင်္ဂလာပွဲ၏အခမ်းအနားမှုးဖြစ်ကာ အသားရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်တိုတိုမှာ နဖူးပေါ်တွင် နာနာခံခံဖြင့် ဝဲကျနေသည်။ သူ၏မျက်နှာမှာမူသေးငယ်ကာ မျက်ရစ်တစ်ထပ်နှင့်မျက်လုံးများမှာ ‌ကြည်လင်တောက်ပပြီး အပြစ်ကင်းနေပုံရသည်။

ကျန်တစ်ဦးမှာမူ ဧည့်သည်များယခင်တစ်ခါမှမမြင်ဖူးသည့် လူချောလေးတစ်ယောက်ဖြစ်ပြီး သူ၏ဆံပင်များကို သပ်ရပ်စွာ သပ်တင်ထားကာ နဖူးကိုဖော်ထားခဲ့သည်။ သူ၏အနက်ရောင်ရှပ်အင်္ကျီလက်မောင်းများကို တံတောင်ဆစ်အထိခေါက်တင်ထားကာ အေးစက်ဖျော့တော့သောအသားအရည်ဖြင့် သူ၏အမူအယာမှာ အများနှင့်မတူ တမူထူးခြားနေပြီး သန်မာသောဆွဲဆောင်မှုနှင့် ပေါက်ကွဲထွက်နိုင်လောက်အောင် စွမ်းအားကြီးပုံရသည်။

" ဒီအနက်ရောင်အင်္ကျီနဲ့လူငယ်လေးက ဘယ်သူပါလိမ့်… ဘာလို့သူ့ကိုရင်းနှီးနေရတာလဲ…"

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now