ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

888 131 0
                                    

Chapter 70
October 16, 2023
Chapter 70

နောက်ဆုံးဇာတ်ဝင်ခန်းတွင် ရှန့်ယွီလျန်​ကဆိုသည်။

"ရှောင်ချီ...လင်းရှောင်အတွက် ပြီးပြည့်စုံတဲ့အဆုံးသတ်ကို မင်းရေးဆွဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ချီရှင်းချန်ကပြန်ဖြေလိုက်၏။

"အင်း"

ရှန့်ယွီလျန်က ဝေါ်ကီတော်ကီကို ကောက်ယူလိုက်သည်။

"ဇာတ်​ဝင်ခန်း အဆင်​သင့်​ဖြစ်​ပြီလား"

"ပစ္စည်း​တွေက​ နေရာချပြီး"

"ပူဖောင်းစက်က အဆင်သင့်"

"ကင်မရာ 2၊ 3 နဲ့ 8  နေရာယူပြီး"

ဘုတ်ပြားရိုက်သံနှင့်အတူ မင်္ဂလာတေးသံက လေဟာပြင်ဝင်ကြီးတစ်ခုလုံးကိုဖြတ်၍ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ကျိယန်က သူမအဖေ၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမချစ်သော ယောက်ျားဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

လင်းရှောင်က ပရိသတ်ရှေ့တွင် ထိုင်ကာ ရိုးသားစွာ ကတိသစ္စာပြုကြသည်ကို ကြည့်ရှုနေခဲ့သည်။ သူ မတတ်နိုင်ဘဲ အတွေးထဲတွင် နှစ်​မျောသွားမိသည်။

"မြန်မြန်"

"ကျိယန် ဘာလို့ဒီလောက်ထိပစ်ခဲ့တာလဲ"

"ကျေးဇူးပြုပြီး ဘုရားသခင်၊ ကျွန်မမိအောင်လုပ်ပေးပါ...ကျွန်မ လက်ထပ်ချင်တယ်"

"ဘာလို့အဲဒီကိုပျံသွားရတာလဲ...သတိထားနော် ကိုလူချော"

ဆူညံသံများကြားတွင် လင်းရှောင် သူ့မျက်နှာဆီကို တစ်ခုခု တည့်တည့်တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။သူ မသိစိတ်ကနေ ဖမ်းရန်း လက်လှမ်းမိလိုက်၏။မွှေးရနံ့ပြင်းပြင်းက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။

အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကျိယန်၏ပန်းစည်းကိုတွေ့လိုက်ရ၏။

ကျိယန်က ဖုန့်ချင်းယွမ်လက်ကို ကိုင်ပြီး လင်းရှောင်ဆီကို လျှောက်သွားသည်။

"လင်းရှောင်... ငါ့ပန်းစည်းကိုရပြီးရင် နင်အရမ်းပျော်ရလိမ့်မယ်"

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now