chapter 80

609 115 1
                                    

Chapter 80
October 23, 2023
Chapter 80

လွန်ခဲ့သည့်ရက်အနည်းငယ်က သူက အင်တာဗျူးတွင် ချီရှင်းချန်၏နိမ့်ကျသောပညာရေးအဆင့်ကို လှောင်ပြောင်ခဲ့သည်။ယခုကြည့်ရသည်မှာ…

Kevin၏ မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာသည်။ သူက ကင်မရာရှေ့တွင် တည်ငြိမ်ဟန်ဆောင်နေရုံသာတတ်နိုင်သည်။ သူ့လည်ပင်းတွင် သွေးကြောများက ပေါက်ထွက်မတတ်ထောင်နေသည်။

ချီရှင်းချန်က စင်မြင့်ကြီးကြပ်ရေးမှူးကို စာရွက်ကို Kevin ကို ပေးခိုင်းသည်။၎င်းနောက်ဝေချင်ဘက်သို့ သူလှည့်လိုက်သည်။

"ဝေလောင်ရှီ Kevinရဲ့အမှားကို ထည့်မတွက်ရင် တခြားသင်တန်းသားတွေကကော"

​ဝေချင် နင်သွားသည်။

စက္ကန့်သုံးဆယ်ကြာပြီးနောက် သူက "Kevin B-grade" ဟု ဆိုလိုက်သည်။

ယခုလိုအခြေအနေမျိုး ဖြစ်လာမည်ဟု ဘယ်သူမှ မမျှော်လင့်ထားပါချေ။

Kevin စင်ပေါ်မှဆင်းကာ စင်နောက် ပြန်လာခဲ့သည်။ သူ့ကို နှစ်သိမ့်မပေးချင်သော သင်တန်းသားများက အိမ်သာဆီသို့ တန်းတန်းမတ်မတ်သွားကြသည်။

ယနေ့ B-grade ဆိုလျှင် နောက်သုံးလလောက်အထိ သူက အမြဲတမ်း B-grade ဖြစ်မှာပင်။ အဝတ်အစားပေါ်တွင် ကပ်ထားသည့် "B" လိုဂိုသည် အရှက်တရားတံဆိပ်ကို ကိုယ်စားပြုပုံရသည်။

"ဘန်း ဒုန်း"

Kevin၏မျက်လုံးတွေက သွေးတွေပေါက်ထွက်မတတ်နီရဲနေ၏။ လက်သီးကို မြှောက်ပြီး တံခါးကို နှစ်ကြိမ်ဆင့်ထိုးလိုက်သည်။

ထိုစဥ် သူ့ဖုန်းက တုန်ခါသွားသည်။ခေါ်သူက သူ့အေးဂျင့်ဖြစ်သည်။ Kevin အသက်ပြင်းပြင်းရှူပြီး ကောက်ကိုင်လိုက်သည်။

"မင်း B-grade ရတယ်လို့ကြားတယ်... ဘယ်လိုဖြစ်တာလဲ၊ မင်း ညံ့လို့လား"

Kevin  သူ့အနာကိုတုတ်နှင့်ထိုးခံရသောကြောင့် ပို၍ပင် တရှူးရှူးဖြစ်လာသည်။

သူ့အေးဂျင့်က ဖုန်း၏အခြားတစ်ဖက်က ဖားဖိုအိုကြီးလိုလှိုက်သံကိုကြားသောအခါ သူအတော်လေးဒေါသထွက်နေမှန်းသိလိုက်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now