ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1K 110 1
                                    

Chapter 55
October 15, 2023
Chapter 55

ချီရှင်းချန် ထို​လော့ဂျစ်ကြောင့် တကယ်ပဲ ရှုပ်ထွေးနေမိနေခဲ့သည်။ သူ့အဖေနှင့် ဖုန်းပြောပြီးသည်အထိ စိတ်ရှုပ်ထွေးနေခဲ့သည်။

ယင်းက ရှုရှန့်နှင့် ဘာမှမဆိုင်ပေ။အဓိကကိစ္စမှာ သူက လတ်တလောမှာ ရိုက်ကူးရေးတွေ လုပ်နေပြီး ခဏလေးပင် ခွာ၍မရခြင်းဖြစ်၏။ စိန်တွင်းကို သူဘယ်လိုလုပ်စီမံခန့်ခွဲနိုင်မှာလဲ...

ထို့အပြင် "သမုဒ္ဒရာနှလုံးသား" ဇာတ်ကားရိုက်ကူးမှု ပြီးသွားလျှင်ပင် သူတောင်အာဖရိကကို မသွားချင်ပါချေ။

စိန်တွင်းပိုင်ရှင်ဟူသောနာမည်က ကြားရကောင်းပေမဲ့ သူက ကူးပြောင်းလာသူ တစ်ယောက်​ဖြစ်၏။ သူနှင့်ရင်းနှီးသည့်လူတွေအားလုံးက သည်မှာပဲရှိနေကြသည်။တောင်အာဖရိကကို သွားခဲ့ရင် သူက ထိုနေရာနဲ့ သိပ်ရင်းနှီးသည်မဟုတ်...

[အဖေက သင့်ကို စာတစ်စောင်ပို့လိုက်သည်]

ချီရှင်းချန်က သူ့လက်ဆောင်ကိုဘယ်လိုလုပ်ရမည်မှန်း မသိဖြစ်နေသည်။အဖေချီလည်း ၎င်းကို စဉ်းစားမိပြီး သူကိုပြောလိုက်သည်။

[အလုပ်ကိစ္စအတွက် မင်း စိတ်ပူစရာ မလိုပါဘူး...သင့်တော်တဲ့ ကြီးကြပ်ရေးမှူးကို ငါရှာပြီးပြီ...အခုကနေစပြီး သုံးလတစ်ခါဝင်ငွေကို မင်းဘဏ်အကောင့်ထဲ တိုက်ရိုက်လွှဲပြောင်းပေးမယ်ာ... ကြီးကြပ်ရေးမှူးရဲ့ WeChat အကောင့်ကို မင်းဆီ ပို့လိုက်မယ်...အလုပ်ကိစ္စရှိရင်ဒါမှမဟုတ် စိန်လိုချင်ရင် သူ့ကို တိုက်ရိုက်မေးမြန်းလို့ရတယ်]

ချီရှင်းချန် အာစေးမိနေသည်။

တောင်အာဖရိကကိုသွားပြီး သတ္တုတွင်းဝယ်သည်ကနေ သင့်တော်သည့်ကြီးကြပ်ရေးမှူးကိုရွေးချယ်သည်အထိ တစ်ပတ်ကျော်အတွင်းမှာပဲလုပ်ခဲ့သည်။အဖေချီ ဘယ်လောက်ခံစားခဲ့ရ၊ ဘယ်လောက်ပင်ပန်းခဲ့ရ၊ ဘယ်လောက်စိုးရိမ်ခဲ့ရသည်မှာ သိသာထင်ရှား၏။

ချီရှင်းချန်၏ နှလုံးသား ပျော့ပြောင်းသွားသည်။ မိုင်းတူးသောအခါတွင် သူ့မိသားစုအတွက် အကောင်းဆုံးစိန်ဆယ်လုံး သို့မဟုတ် နှစ်ဆယ်ကို ပေးရန် သူကြံရွယ်ထားလိုက်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now