ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

702 107 0
                                    

Chapter 75
October 22, 2023
Chapter 75

နာမည်ကြီး ဘလော့ဂါများစွာကလည်း ပြန်တင်ပြီး ထောက်ခံခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ "ရွာသွန်းမိုးပြီးပထမဆုံးရောင်နီ"ဟု အမည်ပေးထားသည့် လူမှုရေးသမားဘလော့ဂါတစ်ဦးနှင့် သူမ၏ ဖန်များက ပုလင်းပေါင်း တစ်သောင်းနီးပါး ပါဝင်ဝယ်ယူခဲ့သည်။

ဒုတိယနေ့၏မွန်းလွဲပိုင်းတွင် တရားဝင်ဝဘ်ဆိုဒ်မှ အရေးပေါ်အခြေအနေ သတိပေးခဲ့သည်။

"သေစမ်း...ဘာလို့ ဒီလောက်နောက်ကျနေရတာလဲ...ငါ့အော်​ဒါကို တင်လို့မရဘူး...ငါဘာလုပ်ရမလဲ... မနေ့ညက အစောကြီးမအိပ်သင့်ဘူး...ငါက ဝက်တစ်ကောင်ပါ..."

အားလပ်ချိန်အတွင်း အန်းရန် သူမ၏ဖုန်း စာမျက်နှာကို ဆက်တိုက်ပွတ်ကာ ပြန်လည်စတင်နေခဲ့သည်။

ထို့နောက် ဝင်းဒိုးတစ်ခု ပေါ်လာသည်- [သင်ရွေးချယ်ထားသော ထုတ်ကုန်တွင် စာရင်း [0] ရှိသည်။]

"F*ck..."

အန်းရန် မနေနိုင်ဘဲ ဆဲလိုက်မိသည်။

"နောက်ဆုံးတော့ မဝယ်နိုင်ခဲ့ဘူး... F*ck F*ck F*ck F*ck"

"ရပါတယ်...ကျွန်တော့်ကျဲက ပုလင်းထောင်ဂဏန်းလောက်ဝယ်ထားတာ...မနက်ဖြန် နှစ်ပုလင်းပေးမယ်"

ချီရှင်းချန်က သူ့လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းလိုက်သည်။

"…"

သူမ  အာဏာရှင်သူဌေးကြီးနှင့် အထူးပင်စကားမပြောချင်သော်လည်း သူမပြောလိုက်ရသည်။

"ငါရေမွှေးမလိုချင်ဘူး...ငါက နင့်ကိုအားပေးချင်တာ"

"ကျဲရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်.. ကျဲကို ကျေးဇူးလည်း တင်ပါတယ်...ဝယ်မရရင် မဝယ်နဲ့ ဘာမှမဖြစ်ဘူး... အိုး ဟုတ်တယ် Camilleက တစ်ခုခုပြောခဲ့​သေးလား"

"သူတို့က ဘာပြောနိုင်မှာလဲ..."

အန်းရန်က ပြုံးလိုက်သည်။

"ဒါက ငါတို့ အတူတူ လက်တွဲတာပထမဆုံး အကြိမ်ကို ဒီလောက် အောင်မြင်ခဲ့တာ... နင့်ရဲ့စွမ်းဆောင်နိုင်မှု အတွက် ချီးကျူးမကုန်ဖြစ်နေတာ... Après မှာ နင့်ရဲ့ ပထမဆုံး အောင်ပွဲ ကို ဂုဏ်ပြုဖို့ ပွဲတစ်ခု ကျင်းပမယ်လို့တောင် ပြောခဲ့သေးတယ်"

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now