ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1.1K 130 0
                                    

Chapter 43
October 10, 2023
Chapter 43

ညဉ့်ကောင်းကင်များမှာ အစီအစဉ်ကျကာ ယဉ်ကျေးသောပရိသတ်များဖြစ်ကြသည့်အတွက် အလိုအလျောက်ပင် သူ့အတွက်လမ်းပေးလိုက်ကြသည်။

အချို့သောမိန်းကလေးများမှာ တီးတိုးပြော‌ဆိုနေကြသည် : " ဟဲ့ ဟဲ့ ဟိုမှာကြည့်စမ်း ကောင်ချောလေး…"

" သူကမျက်နှာတောင်မဖော်ထားတာကို ချောမှန်းဘယ်လိုလုပ်ပြီးသိတာလဲ…"

" သူ့ပုံစံနဲ့ဝတ်ထားတာကို ကြည့်လေဟယ်…ငါတော့ ကောင်ချောလေးတွေ ဒီလိုလွတ်လွတ်လပ်လပ်ဝတ်စားထားရင် အရမ်းသဘောကျတာပဲ…"

" ဟုတ်တယ် ဟုတ်တယ် ငါရောပဲ … သူကအရမ်းလည်းမွှေးတယ်နော်… လာဗင်ဒါနဲ့ဖာလာမွန်အနံ့ပါလား…ဒါက နို့လိုကောင်လေးတွေရဲ့ ဖယ်ရိုမုန်းအနံ့မဟုတ်ဘူးလား… ဟီးဟီးဟီး…"

အသံများမှာ ချီရှင်းချန်၏နားထဲသို့ ဆက်တိုက်ဆိုသလို ဝင်ရောက်နေကြသည်။ ချီရှင်းချန် ဖယ်ရိုမုန်းဟူသောစကားကို ကြားလိုက်ရချိန်တွင် မသိစိတ်မှ သူဖတ်မိခဲ့ထိုစာကြောင်းကို ပြန်လည်တွေးမိသွားသည်။

မကြာသေးမီကမှ ဖျော့တော့သွားသော သူ၏မျက်နှာပေါ်မှအနီရောင်မှာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ချီရှင်းချန် ခေါင်းကိုငုံ့ကာ မိန်းကလေးဖန်များကို ကာထားရန်အတွက် ဖုန်းသာသုံးနေလိုက်ရသည်။

ခဏအကြာတွင် ညဉ့်ကောင်းကင်များထံမှအော်သံထွက်ပေါ်လာပြီးနောက် ပိုင်ရဲ့၏စာရောက်လာခဲ့သည်။

ပိုင်ရဲ့ : [ ထွက်လာပြီနော်…]

ချီရှင်းချန် အလျင်အမြန်ထရပ်လိုက်သည်။ ပိုင်ရဲ့သည်လည်း သူ၏ဘက်သို့ကြည့်နေသည့်အတွက် သူတို့၏မျက်လုံးများ လေထဲတွင်‌ဆုံတွေ့သွားကြသည်။

ထို့နောက် တစ်ဦးကိုတစ်ဦးမသိကြသည့်အတိုင်း တမင်တကာရှောင်ရှားသွားလိုက်သည်။

ပိုင်ရဲ့ လူအုပ်ကြားမှဖြတ်သွားချိန်တွင် ညဉ့်ကောင်းကင်များမှာ သူ၏နောက်မှ ဖြည်းဖြည်းချင်းသာလိုက်လာကြပြီး အချင်းချင်း တွန်းခြင်းတိုက်ခြင်းနှင့် သူတို့၏အိုင်ဒေါကိုသွားထိခြင်းမျိုး မရှိကြချေ။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now