ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1K 142 0
                                    

Chapter 34
October 03, 2023
Chapter 34

" မကြာသေးမီက နိုင်ငံရပ်ခြားရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗီဒီယိုတစ်ခုက ကျယ်ကျယ်ပြန့်ပြန့်ကျော်ကြားခဲ့ပါတယ်… ဗီဒီယိုထဲမှာတော့ လူငယ်လေးတစ်ဦးက ဒိန်းမတ်နိုင်ငံရဲ့လမ်းမတွေပေါ်မှာ တရုတ်ရိုးရာဆပ်ကပ်ပညာဖြစ်တဲ့ ထီးမြှောက်ပြခြင်းနဲ့ ပန်းကန်လုံးတွေဆော့ကစားပြခြင်းကို လုပ်နေခဲ့တာပါ…ဤလူငယ်လေးကိုတော့ နိုင်ငံခြားသားများနှင့် ပြည်ပရောက်တရုတ်လူမျိုးများမှ များစွာချီးကျူးနေကြပြီး ယဉ်ကျေးမှုဖြန့်ဝေရေးနဲ့ဖလှယ်ရေးမှာ ပါဝင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်….သတင်းများအရ…"

သတင်းမှာ.. ပါ… လာ… တယ်…

မေးစရာမလိုဘဲ ထိုဗီဒီယိုမှာ မည်သည့်နေရာမှထွက်လာကြောင်းကို ချီရှင်းချန်သိနေခဲ့သည်။ ၎င်းကို ယခင်အပတ် အိုဒန်စ်တွင်ရှိစဉ်အခါက သူနှင့်အချက်အလက်များလဲလှယ်ခဲ့သော ဖေ့ဘွတ်ပေါ်တွင် Followerသန်းချီရှိသည့် နိုင်ငံခြားရောက်တရုတ်အမျိုးသမီးငယ်လေးမှ တင်လိုက်ခြင်းသာဖြစ်လိမ့်မည်။

သို့သော်လည်း သူမျှော်လင့်မထားမိသည့်အချက်မှာ ထိုအမျိုးသမီးလေး၏လွှမ်းမိုးနိုင်စွမ်းမှာ အလွန်အားကောင်းပြီး ဗီဒီယိုက သူတို့၏နိုင်ငံအထိ ပျံ့နှံ့လာမည်ကိုပင်။

" ရှင်းရှင်းက ဒီမှာပဲ…"

သူ၏နောက်မှခြေသံတစ်ချက်ထွက်ပေါ်လာပြီးနောက် လျိုကျီယု လက်ကိုဆန့်ကာ သူ၏လက်မောင်းကို လာရောက်ပွတ်သပ်နေသည်ကို မြင်လိုက်ရသည်။

ချီရှင်းချန် : " ကျွန်တော်တို့ ဘာလို့လာပွတ်နေတာလဲ…"

" ကံကောင်းမှုအချို့ခြစ်ယူနေတာလေ…" လျိုကျီယုမှ စနောက်လိုက်သည်

" အခုလေးတင်ပဲ မင်းကသတင်းမှာတောင်ပါလာတဲ့အကောင်ကြီးဖြစ်သွားတာကိုး…"

ချီရှင်းချန်မှာ လုံးလုံးရှော့ရသွားရသည်

" ကျွန်တော်လမ်းပေါ်မှာ ဆက်ကပ်ဖျော်ဖြေပြတယ်ဆိုတာက ကျွန်တော်တို့ပိုက်ဆံပြတ်သွားလို့ ပိုက်ဆံတောင်းနိုင်ဖို့လေ…ဒါပေမယ့် သတင်းထဲမှာကြတော့ အတင်းအကြပ်ကြီးကို ယဉ်ကျေးမှုဖြန့်ကျက်ပေးတယ်လို့ပြောနေတာ… ဒါကတကယ်ကြီးကို…"

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now