ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1K 153 0
                                    

Chapter 48
October 14, 2023
Chapter 48

"အိုး ရှင်းရှင်း...မင်းက ဇာတ်ညွှန်းကိုအမြဲသွားလေရာယူသွားတာပဲ"

ရှုရှန့်က သူ့ကို ချီးကျူးနေခြင်းဟုတ်မဟုတ် မသိရပေ။

"မင်းက အရမ်းအလုပ်ကြိုးစားတယ်...မင်း ဒီလောက်တိုးတက်နေတာ မအံ့သြတော့ပါဘူး"

ရှုရှန့်က သူ့ကို အသရေဖျက်ရန် အကောင့်တွေဝယ်ခဲ့ခြင်း ဖြစ်နိုင်၏။ အနီးနားတွင် အခြားမည်သူမျှမရှိလေရာ ချီရှင်းချန် သဟဇာတရှိသောအသွင်အပြင်ကို ထိန်းသိမ်းရန် စိတ်အနှောက်အယှက်ဖြစ်မခံတော့ပေ။သူက အေးစက်စွာပြောလိုက်သည်။

"ပြောစရာရှိရင် မြန်မြန်ပြော"

"မင်းကိုကြည့်စမ်း... မင်းကအရမ်းထူးဆန်းတယ်"

ရှုရှန့်က ဆိုလိုက်သည်။

"မင်းကို အကြံဉာဏ်တောင်းဖို့ ငါဒီကိုရောက်လာတာ...ဒါရိုက်တာရှန့်ကပြောတယ်... မင်းက အခြေအနေကောင်းနေပြီတဲ့..."

သူက ချီရှင်းချန်၏ဘေးမှာ ထိုင်ချလိုက်ပြီး

"ဒါဆို မင်းကို ငါမေးချင်တယ်...မင်း ဘယ်လိုလုပ်ဒီလောက်မြန်မြန် ချိန်ညှိနိုင်ရတာလဲ"

ရှုရှန့်က အံကြိတ်ကာ နောက်ဆုံး စကားလေးခွန်းကို တစ်လုံးပြီးတစ်လုံး ပြောလိုက်သည်။ခုနကရှန့်ယွီလျန်က သူ့ကို ဇာတ်ညွှန်းပြောပြသော မြင်ကွင်းက သူ့စိတ်ထဲမှာ ပေါ်လာ၏။

("ရှောင်ရှု...ကျိယန်ရဲ့အဖေ ရုတ်တရက်ဖျားသွားလို့ မင်းကဒီကိုရောက်နေတာ...ဒီအချိန်မှာ မင်းအရမ်းစိတ်ရှုပ်နေပေမဲ့ ကျိယန်စိတ်ကိုဖြေလျော့ပေးဖို့ မင်းစိတ်အေးအေးထားရမယ်...မင်းရဲ့အမူအရာကို ပြောင်းစရာမလိုပေမဲ့ မင်းရဲ့ခြေလှမ်းတွေက နည်းနည်းရှုပ်နေရမယ်... အပေါ်ယံတင်မဟုတ်ဘဲ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အဖြေရှာထုတ်ရမယ် ...မင်းသရုပ်ဆောင်နေတာ နှစ်အနည်းငယ်ရှိပြီ...ရှောင်ချီထက် မင်းက ပိုအတွေ့အကြုံရှိပြီး လိုက်လျောညီထွေဖြစ်သင့်ပေမဲ့ အခု မင်းကသူ့လောက်ကောင်းမနေဘူး...မင်းအတွက် ငါက မျှော်လင့်ချက်ကြီးကြီးထားထားတာ...မင်း မြန်မြန်လုပ်ရမယ်…")

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now