ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

765 96 0
                                    

Chapter 58

ပိုင်ရဲ့က အမြဲတမ်း သန့်ရှင်းပြီး ရိုးသားခဲ့သည်။ သူ့ကိုယ်သူ မြှင့်တင်ရန် ဆက်ဆံရေးကို ဘယ်တုန်းကမှ အသုံးမချခဲ့သလို အရှုပ်အရှင်းတွေလည်း မရှိသလောက်ပါပင်။အန်းရန်၏ စကားကိုကြားသောအခါ ချီရှင်းချန်က Weibo ကို သံသယဖြစ်အပြည့်ဖြင့် ဖွင့်လိုက်သည်။

ထိပ်ဆုံးက ခေတ်စားနေသော အကြောင်းအရာမှာ [ပိုင်ရဲ့က ညဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးဖော်ထုတ်ခံလိုက်ရတယ်]၊ ထို့နောက်တွင် အနီရောင် စကားလုံးကြီး​ဖြင့် "ပေါက်ကွဲခြင်း" ဟူသော စကားလုံးက အတော်လေး မျက်စိနောက်စရာ ဖြစ်နေသည်။

"ဒီလ 21 ရက်နေ့ ညနေ 23:40 လောက်မှာ ပိုင်ရဲ့ ပိုင်ရှာဆိပ်ကမ်းနားက ဟိုတယ်တစ်ခုထဲဝင်သွားပြီး နှစ်နာရီကျော်လောက်နေခဲ့ပြီးမှ 3:10မှာထွက်လာတာကိုသတင်းထောက်တွေက ဓာတ်ပုံရိုက်မိခဲတယ် ...နောက်တစ်နေ့မှာ ပိုင်ရဲ့ရဲ့နာနီကားက ဟိုတယ်အဝင်ဝမှာ ထပ်ရပ်ပြီး နာရီဝက်နီးပါး နေပြီးနောက် ထွက်ခွာသွားခဲ့တယ်"

အန်းရန်က Weiboကအကြောင်းအရာကို အသံတိုးတိုးဖြင့် ဖတ်နေချိန်တွင် ချီရှင်းချန်က ဓာတ်ပုံများကို ဖွင့်ကာ တစ်ခုပြီးတစ်ခု ကြည့်နေသည်။

ရှုထောင့်အနေအထားအရ ဤဓါတ်ပုံတွေကို ဟိုတယ်နှင့်မျက်နှာချင်းဆိုင်မှ ရိုက်ထားပုံရသည်။ "သမုဒ္ဒရာနှလုံးသား" ရိုက်ကွင်းကိုစောင့်ကြည့်ရန် အခန်းငှားထားသည့် ပါပါရာဇီက မတော်တဆ တွေ့ရှိပြီး ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။

21 ရက်နေ့က ရိုက်ထားသည့် ဓာတ်ပုံတွေထဲမှာ ပိုင်ရဲ့ အဖွဲ့သားတွေက ဟိုတယ်ကို အတူတူ ပြန်လာခဲ့ကြ၏။ ဒါရိုက်တာ ရှန့်၊ ထောင်ထောင်၊ ဖုန့်ချင်းယွမ် နှင့် ချီရှင်းချန်တို့ အားလုံးပါကြသည်။

ဟိုတယ်မှထွက်လာသော ဓာတ်ပုံများတွင် ပိုင်ရဲ့ကိုသာ တွေ့ရပြီး ဘယ်သူမှ သူ့ကို လိုက်မပို့ကြပေ။

22 ရက်နေ့မှာ ပိုင်ရဲ့၏ နာနီကား ရောက်လာပြီး ချီရှင်းချန်က ကားထဲကို ဝင်သွား၏။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now