ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1.4K 169 6
                                    

Chapter 65
October 16, 2023
Chapter 65

ရှန့်ယွီလျန်က ရိုးသားသောလူဖြစ်ပြီး ၎င်းကို ရှုရှန့် နှင့် ချီရှင်းချန်တို့ကို ပြစ်တင်ရှုတ်ချပုံမှ မြင်တွေ့နိုင်သည်။ထို့ကြောင့် Weibo မှာ တောင်းပန်စာတင်ပြီး ပိတ်လိုက်သည်နှင့် သူလုပ်စရာရှိသည်ကို ဆက်လက်ရိုက်ကူးခဲ့၏။

ချီရှင်းချန် သူအဝတ်အစားလဲနေချိန်မှာ ချီကျားကျစ်ထံ မက်ဆေ့ချ်ပို့လိုက်သည်။

[ကျားကျစ်...ရှန့်ယွီလျန်ရဲ့ Weibo ကိုကြည့်လိုက်]

ငါးမိနစ်လောက်ကြာခဲ့သည်။

ဘုရင်:[!]

ဘုရင်: [ကော အခုတလော ဘာလိုသေးလဲ]

ချီမိသားစုက ဘာများ မှားနေလဲ...

ချီရှင်းချန် ခဏတာ ဆွံ့အသွား၏။

[ငါ့ကို လက်ဆောင်မဝယ်ပေးနဲ့...ဒေါသထွက်မှာနော်]

ဘုရင်: [အိုကေ ဒါဆို(ဝမ်းနည်း) ကျေးဇူးတင်ပါတယ်ကော]

ရှင်းရှင်း: [ရပါတယ်...အတန်းကို အာရုံစိုက်ပါ]

ချီကျားကျစ်နှင့် စကားပြောပြီးသည့်အခါ သူ့ရင်ဘတ်ထဲက ကျောက်တုံးကြီးကို မလိုက်သလိုမျိုး ​​နေရပိုအဆင်ပြေသွားသည်။သူ့အဝတ်အစားတွေလဲပြီးနောက် ယနေ့ ပိုင်ရဲ့နှင့် မဆက်သွယ်ရသေးဘူးဆိုသည်ကို သတိရသွား၏။

မနေ့ညက သူ သူ့ကို ဆက်သွယ်မည်ဟု ကတိပေးခဲ့သာ်။ ရက်စွဲကိုကြည့်ကာ ပိုင်ရဲ့၏ပရိုဖိုင်ပုံကို နှိပ်လိုက်သည်။

ရှင်းရှင်း:[ဒီနေ့ ရိုက်ကူးရေးပြီးသွားပြီလား]

ပိုင်: [အင်း... ငါ အခု လေဆိပ်မှာ ရောက်နေတယ်]

လေဆိပ်လား...

[ဘယ်သွားမလို့လဲ?]

ပိုင်: [S City...သဘက်ခါ တုန်ချန်ဂီတပွဲတော်အတွက်]

တုန်ချန်TV သည် တရုတ်နိုင်ငံရှိ အဓိက ဗီဒီယိုပလက်ဖောင်း သုံးခုထဲမှ တစ်ခုဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော တုန်ချန်ဂီတပွဲတော်သည် နိုင်ငံတစ်ဝှမ်းရှိ ပရိသတ်များ မျှော်လင့်စောင့်စားနေသည့် ပွဲကြီးတစ်ပွဲဖြစ်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now