ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

760 121 0
                                    

Chapter 69
October 16, 2023
Chapter 69

ထိုအချိန်တွင် ပိုင်ရဲ့က ပရိသတ်နှင့် ထိတွေ့ဆက်ဆံရန် ရှေ့ဆုံးတန်းသို့ လျှောက်လာနေပြီဖြစ်သည်။ချီရှင်းချန် သူ့ကိုယ်သူတွေးလိုက်၏။ 'ပိုင်ရဲ့ ဒီကို လာမှာလား'

သူ့ဖုန်းကို ထုတ်လိုက်ပြီး အမှတ်တရအဖြစ် ဗီဒီယိုတစ်ခုကို မှတ်တမ်းတင်ချင်ခဲ့သည်။

နောက်ပိုင်းမှာ ကင်မရာထဲကနေ လူတစ်ယောက် လမ်းလျှောက်လာပြီး သူ့ရှေ့မှာ ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ထို့နောက် ငုတ်တုတ်ထိုင်ကာ ရှေ့ဆုံးတန်းရှိ ပရိသတ်များကို လက်ပြနှုတ်ဆက်လေသည်။

သူ့ထိုင်ခုံရှေ့ကို ရောက်သည့်အခါ ပိုင်ရဲ့ မရယ်ဘဲ မနေနိုင်လိုက်။

"အားးး...ကောက ရယ်နေတယ်... ကောက တကယ်ရယ်နေတယ်"

"ကောက သူ့ရယ်​​သံနဲ့ ငါ့ကို သတ်​နေတယ်...ငါ ​သေ​တော့မယ်​"

"သားလေး ငါ့ကိုကြည့်...မားမားက မင်းကို စောင့်နေတာကြာပြီ"

"ယောကျာ်း...ကျွန်မ ရှင့်ကို တခြားမိန်းမတွေကို ရယ်ပြခွင့်မပြုဘူး...ယောက်ျားတွေဆိုရင်တောင်မရဘူးပဲ"

ရုတ်​တရက်​ ချီရှင်းချန်​ ​အော်​ဟစ်​သံပင်လယ်​ထဲတွင်​ ဖုံးလွှမ်းခံလိုက်ရသည်​။ သူ ရှက်ရွံ့ကာ ဒေါသဖြစ်သွားသည်။

ပိုင်ရဲ့ ဘာကြောင့် ရယ်နေမှန်း သူ ခန့်မှန်းနိုင်သည် — ပိုင်ရဲက သူ၏မစ်ကီမောက်ဆံကုပ်ကို မြင်သွားခြင်းပင်။

စောစောက သူပြောပါတယ်... ဒီအူကြောင်ကြောင်အရာကို မဝတ်ဘူးလို့...ငါဒေါသထွက်တယ်...အရမ်းကြီး ဒေါသထွက်တယ်...ဒေါသထွက်တယ်လို့...

ဆံကုပ်ကို ဒေါသတကြီး ချွတ်ကာ ဖုန်းကို ပြန်ချလိုက်သော်လည်း ပါးစပ်က မရပ်မနား သီချင်းဆိုနေဆဲဖြစ်သည်။

အချစ်သီချင်း သီဆိုပြီးနောက်ပိုင်ရဲ့၏ ဖျော်ဖြေတင်ဆက်မှု ပြီးဆုံးသွားခဲ့သည်။ ပရိသတ်က သံပြိုင် အော်ကြသည်။

"ဝမ်းစမိုး...ဝမ်းစမိုး...ဝမ်းစမိုး"

(T/N–ပွဲတောင်းတာပါနော်)

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now