ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1.2K 142 1
                                    

Chapter 71
October 16, 2023
Chapter 71

ချီရှင်းချန် တခြားဘာလုပ်နိုင်မည်နည်း။ နောက်ဆုံးမှာ သူသဘောတူရုံပဲတတ်နိုင်သည်။ထိုနေ့မှာ အိပ်ရာထပြီး သူ့အစ်မနှင့် လေဆိပ်ကို သွားခဲ့သည်။

ကားနောက်ခန်းမှ ချီယွီကျီးက သူအားကစားဝတ်စုံဝတ်ထားသည်တွေ့သောအခါ ဆို၏။

"ရှင်းရှင်း... ပေါ့ပေါ့ပါးပါး ဝတ်ထားတာပဲ"

"ကျွန်တော့်ရဲ့အထောက်အထားက အခု မတူတော့ဘူး"

ချီရှင်းချန်က ပြောသည်။

"အရမ်းဝတ်ရင် မှတ်မိခံရလိမ့်မယ်"

ရေမွှေးဆွတ်တဲ့နေ့တုန်းက မှတ်မိခံရမှာကို ဘာကြောင့် မကြောက်တာလဲ...

ချီယွီကျီးက သူ့ကို လုံးဝမယုံပေ။

ချီရှင်းချန်​က သူမဘာတွေးသည်ကို ဂရုမစိုက်ပေ။ သူက ထိုင်ခုံနောက်ကို မှီပြီး ချီယွီကျီးကို ကျောပေးပြီး ဖုန်းကိုကြည့်လိုက်၏။

မနေ့က ပိုင်ရဲ့ကို သူကြိုက်နေခြင်းဖြစ်ကြောင်း ချီယွီကျီးက ပြောပြီးကတည်းက ပိုင်ရဲ့၏ မက်ဆေ့ချ်တွေကို ပြန်မဖြေဖြစ်ခဲ့ပါချေ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ပိုင်ရဲ့က သူ့idolအစစ်နှင့် အတူတူပါပင်။ သူ့idol နှင့် တူညီသည့် လုပ်ငန်းစွမ်းရည်၊ သူ့idol နှင့် တူညီသောအသံ၊ အထူးကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးရှိပြီး သူ့ကို အတော်လေး ဂရုစိုက်သည် … အစရှိသည်ဖြင့် အစစအရာရာ...သူ့မှာ ပိုင်ရဲ့အပေါ် အမှန်တကယ်ပင် အလွန်ကောင်းမွန်သော အထင်အမြင်ကောင်းတစ်ခုရှိခဲ့သည်။

ထို့အပြင် ချီယွီကျီး နှင့် ချီကျားကျစ်တို့ မှတဆင့် ဇာတ်လမ်းဇာတ်ကြောင်းက လုံးဝပြောင်းလဲ၍မရကြောင်း သူသဘောပေါက်ခဲ့သည်။ ယင်းကြောင့် သူ၏ပိုင်ရဲ့အပေါ် အမျိုးသားဇာတ်လိုက်အ​နေဖြင့်ထားသည့် မူလသဘာဝရန်လိုစိတ်များ အတော်လေး  လျော့ပါးသွားခဲ့၏။

ဇာတ်လမ်းအဆုံးထိ ဤအတိုင်းဆက်သွားနေနိုင်လျင်ပြီးပြည့်စုံတဲ့အဆုံးသတ်ဖြစ်ပေလိမ့်မည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now