ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

884 133 0
                                    

Chapter 54
October 15, 2023
Chapter 54

"မင်း အရက်သောက်ထားပြီးကားမောင်းချင်နေတာလား"

ချီရှင်ချန်: "... ကျွန်တော် ကျွန်တော်အမူးပြေနေပါပြီ"

"သွား အနားယူပါ"

ပိုင်ရဲ့က ပြောလိုက်၏။

"ငါ အားလွင်ကို လာခိုင်းထားတယ်"

"အိုး အိုကေ...ဒါပေမဲ့ အင်္ကျီ..."

ချီရှင်းချန်က သူ့နှုတ်ခမ်းတွေကို အသံမြည်အောင်စုပ်လိုက်သည်။ (ကျွတ်စ်)

"အင်္ကျီက ညစ်ပတ်နေလို့ လျှော်ပြီးရင် ပြန်ပို့ပေးမယ်"

.

ရေနွေးနှင့်ချိုးပြီး သူ့အဝတ်တွေကို လျှော်ပြီးသည့် နောက်မှာ ချီရှင်းချန် အိပ်ချင်ခြင်းမရှိသေးပါချေ။

သူ တစ်ညလုံး မျက်နှာကျက်ကို စိုက်ကြည့်နေခဲ့သည်။မနက်ခင်း အန်းရန်က သူ့ကို လာနှိုးချိန်မှာ ငါသိနေတယ်ဟူသောအမူအရာဖြင့် "ဝိုး"ဆိုပြီးပြောလိုက်၏။

"ဘာကိုဆိုလိုတာလဲ"

ချီရှင်းချန်က သွားတိုက်ဆေးအမြှုပ်ကို ထွေးထုတ်လိုက်သည်။

"ကော ဘယ်အချိန်က ထွက်သွားတာလဲ"

အန်းရန်က မေးလိုက်သည်။

"နှစ်နာရီလောက် ဘာလို့လဲ"

"နှစ်နာရီ...နှစ်နာရီကျော်တယ်ပေါ့... ငါ့idol ကတော့ ငါ့idol ပီသပါတယ်... သူက တကယ်ကို သန်မာတယ်..."

အန်းရန် ရေရွတ်၏။

ချီရှင်းချန် သူမ ထူးထူးဆန်းဆန်းပြုမူနေသည်ဟု ခံစားရအတွက် သူမကို လျစ်လျူရှုခဲ့သည်။ ရေချိုးပြီးသည်နှင့် အောက်ထပ်ကို သူမနှင့်အတူ ဆင်းသွားခဲ့သည်။

နေ့တိုင်းလိုပဲ ဗန်ကားပေါ်တက်ပြီး အန်းရန်က သူမပြင်ဆင်ထားသည့် အာဟာရရှိသော အစားအစာတွေကို ထုတ်ယူလိုက်သည်။ မနေ့က ချီရှင်းချန်က ဝေလငါးနှင့်အတူ ကခုန်ပြီး စွမ်းအင်တွေ အများကြီးကုန်သွားခဲ့၏။သူ စားစရာကို အငမ်းမရမျိုချတော့သည်။

ထမင်းစားနေရင်း တစ်ဝက်လောက်မှာ အန်းရန် စိတ်လွတ်နေသည်ကို သူတွေ့လိုက်ရ၏။ သူမက ဖုန်းကို ဆက်ကိုင်လိုက်ပြီး တစ်ခုခုကို ကြည့်နေသည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now