chapter 88

1.1K 167 4
                                    

Chapter 88
October 23, 2023
Chapter 88

အိုး...ဒီလူချောရဲ့ မျိုးရိုးနာမည်ကချီ..

ထို့နောက် လူချောလေးမျှဝေထားသည့် သီးသန့်အင်တာဗျူးတစ်ခုတွင် ချီအုပ်စု၏ ဥက္ကဋ္ဌ၏ Baidu Encyclopedia ကို ရှာတွေ့ခဲ့သည်။

(T/N–Googleမှာ နာမည်ကြီးတွေရဲ့ပရိုဖိုင်တွေကိုတင်ထားသလိုမျိုးပါ၊ပိုင်တုက တရုတ်နိုင်ငံသုံး ရှာဖွေရေးအင်ဂျင်)

သူသည် HEC Paris မှဘွဲ့ရရှိပြီး H ပြည်နယ်ရှိ ကုန်သည်ကြီးများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသားပြည်သူ့ကွန်ဂရက်၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူက 2019 ခုနှစ်၏ ထိပ်တန်းထူးချွန်လူငယ်ဆယ်ဦးထဲက တစ်ယောက်လည်းဖြစ်၏။

ဓာတ်ပုံထဲမှာ သူက အရပ်ရှည်ပြီး နက်နဲသည့် မျက်နှာအသွင်အပြင်ရှိသည်။ သူ၏ အသွင်အပြင်နှင့် မိသားစု နောက်ခံသည် ပြောင်မြောက်လှသည်။ Encyclopediaကို ဝင်ရောက်ရုံဖြင့် သူသည် CEOဝတ္ထုတွေရေးသည့် စာရေးဆရာ သန်းပေါင်းများစွာကို ကုန်ကြမ်းပံ့ပိုးပေးနိုင်သည်။

တိုက်ဆိုင်စွာပင်၊ သူ၏အမည်မှာ ချီယွမ်ရှောင် ဖြစ်ပြီး မျိုးရိုးအမည်မှာချီဖြစ်သည်။

သူ၏ဖခင် ချီရှောင်မင်က ချီအုပ်စု၏ဥက္ကဌဖြစ်ပြီး မျိုးရိုးနာမည်ကချီပဲဖြစ်သည်။

ချီယွမ်ရှောင် ၏ အမည်အောက်ရှိ လုပ်ငန်းများကို ကြည့်လိုက်လျှင်  နော်ရာအင်တာတိန်းမန့်၏ ရှယ်ယာ 40% ကို ပိုင်ဆိုင်ထားပြီး နော်ရာအင်တာတိန်းမန့်၏ အမှန်တကယ် ထိန်းချုပ်သူဖြစ်သည့် "ရှင်းချန်စီမံရန်ပုံငွေ"ရှိသည်။

နော်ရာအင်တာတိန်းမန့်ကဘာလဲ...

ချီရှင်းချန်၏အေဂျင်စီဖြစ်သည်။

ဆက်ဆံရေး အလွှာများပေါ်တွင် အလွှာများ စွာဆင့်ထားပြီး လူတိုင်း အံသြသွားကြသည်။ မယုံနိုင်ပေမဲ့ ယုံရမှာက နှစ်ခုရှိ၏။

ပထမဦးစွာ နော်ရာအင်တာတိန်းမန့်သည် ချီရှင်းချန်၏လုပ်ငန်းဖြစ်သည်။

ဒုတိယ၊ ချီရှင်းချန်က ချီမိသားစု၏ ဒုတိယသခင်လေးဖြစ်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now