ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

844 114 4
                                    

Chapter 56
October 15, 2023
Chapter 56

အဖွဲ့လိုက်အင်တာဗျူးသည် အဓိကအားဖြင့် အဓိကဇာတ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများကို အင်တာဗျူးရန်ဖြစ်သည်။ သူတို့ဖမ်းမိသည့်သူတွေကို အင်တာဗျူးမည့် မီဒီယာတစ်ခုတည်းနှင့်မတူပေ။ တတိယအမျိုးသားဇာတ်ဆောင်နှင့်ဘာမှမဆိုင်ပါချေ။

"မင်းသွားရမှာ ချီလောင်ရှီး...သူတို့ထဲက အများစုက မင်းရဲ့ဗီဒီယိုအတိုလေးအတွက် ဒီကိုရောက်လာကြတာ"

လက်ထောက်က အလုပ်ရှုပ်နေပြီး အဖွဲ့လိုက်အင်တာဗျူးတည်နေရာက ငှက်ဥယျာဥ်ဖျော်ဖြေရေးရခန်းမမှာဖြစ်သည်ဟု ပြောခဲ့၏။

သူတက်ရောက်ရမည်ဟူသော သတင်းဆိုးကိုကြားသောအခါ ၎င်းကို နားမလည်သော ချီရှင်းချန်က သက်ပြင်းချလိုက်သည်။ မီဒီယာတွေ မေးလာနိုင်သည့် မေးခွန်းတွေနှင့်ပတ်သတ်၍ သူ ဘယ်လိုဖြေရမလဲဆိုသည်ကို သူစပြီး စဉ်းစားပါတော့၏။

သူသည် လုပ်ငန်းခွင်သို့ နောက်ကျပြီးမှရောခဲ့ပြီး စကားပြောခြင်းအနုပညာကို နားမလည်ခဲ့ပါချေ။ သူ့အတွက် အမှားလုပ်မိရန် လွယ်လေသည်။ သူ့အနေဖြင့် အဖွဲ့သားများကို ဒုက္ခရောက်စေခဲ့လျှင် အပြစ်ရှိသည်ဟု ခံစားရလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ရှန့်ယွီလျန်ကအမြော်အမြင်ရှိခဲ့ပြီး မွန်းတည့်အချိန်၌ အစည်းအဝေးလေးတစ်ခုအတွက် လူတိုင်းကို စုရုံးခဲ့သည်။ အစည်းအဝေးတွင် သူက ရှုရှန့်နှင့်ချီရှင်းချန်တို့ကို အဓိပ္ပါယ်မဲ့သည့်စကားများမပြောရန်နှင့် အချင်းချင်းငြင်းခုံခြင်းမပြုရန် အထူးညွှန်ကြားခဲ့သည်။

နှစ်ယောက်သား ရိုးသားစွာ ခေါင်းညိတ်လိုက်ကြသည်။

....

နေ့လည် နှစ်နာရီ ငှက်ဥယျာဥ်ဖျော်ဖြေရေးခန်းမ​၌...

ငှက်ဖျော်ဖြေပွဲအတွက်ထားသော စင်မြင့်ပေါ်ရှိ သံကွင်းများနှင့် သစ်သားဘောင်များကို ဖယ်ရှားခဲ့ပြီး စားပွဲရှည်တန်းများဖြင့် အစားထိုးခဲ့သည်။

စားပွဲများတွင် မိုက်ခရိုဖုန်းများနှင့် သမုဒ္ဒရာနှလုံသား အဓိကဇာတ်ဆောင်များ၏ အမည်တံဆိပ်များ ပါရှိသည်။ တတိယအမျိုးသမီးဇာတ်ဆောင်၊ချီရှင်းချန်၊ဖုန့်ချင်းယွမ်၊ရှန့်ယွီလျန်၊ ထောင်ထောင် နှင့် ရှုရှန့်ဆိုပြီး အစဥ်တိုင်းနေရာချထားသည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now