ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်

1.2K 158 2
                                    

Chapter 35
October 03, 2023
Chapter 35

နေ့လည်ခင်းတွင် ရိုက်ကူးရေးအဖွဲ့အတွက် ပြန်ရန်အချိန်ကျရောက်လာပြီဖြစ်သည်။ ကလေးများမှာမူ အတန်းများရှိနေသေးသည့်အတွက် ပြန်မလိုက်နိုင်ဘဲ ချီရှင်းချန် ထွက်ခွာသွားသည်ကိုသာ ပြတင်းပေါက်ဘောင်များတွင် မှီကာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေကြသည်။

ကလေးများထငိုမည်စိုးသောကြောင့် ချီရှင်းချန်အချိန်ဆွဲမနေရဲဘဲ ပြုံးလျက် လက်ယမ်းပြကာ အော်ပြောလိုက်သည်

" မြန်မြန်အတန်းထဲပြန်ဝင်ကြတော့…"

ပထမဦးဆုံးအကြိမ်အဖြစ် ကလေးများမှာ နာခံရမည့်အစား သူ့ကိုသာဆက်၍ကြည့်နေခဲ့ကြသည်။

ကလေးများ၏မြင်ကွင်းထဲမှထွက်လာသည်နှင့် ခေါင်းကိုအောက်သို့စိုက်ထားသည့်ချီရှင်းချန်ကို ‌မြင်နေရခြင်းကြောင့် ပိုင်ရဲ့ သူနှင့်အတူလျှောက်လိုက်ပြီး မေးလိုက်သည်

" ဝမ်းနည်းနေတာလား…"

" မနည်းပါဘူး…"

" ဘာမှမဖြစ်ပါဘူး ချမ်ကျိုးကဒီလောက်ဝေးတာမှမဟုတ်တာ.. နောက်ကြရင် တစ်ခါတလေလာလည်လို့ရတာပဲကို…"

" ကျွန်တော်ဝမ်းနည်းမနေဘူးလို့…" ရှင်းရှင်းလောင်ရှီးမှာ ခေါင်းမာမာဖြင့် ဝန်ခံရန်ငြင်းဆန်နေခဲ့သည်။

ပိုင်ရဲ့ မတတ်နိုင်သည့်အတွက် သက်ပြင်းသာချလိုက်ရသည်။ သူ့ဖန်လေး၏အရာအားလုံးကို စိတ်ထဲတွင်သာသိုဝှက်ထားသောအကျင့်မှာ သူ့ကိုတကယ်အနှောင့်အယှက်ပေးနေခဲ့သည်။

ကျန်းမိသားစုအိမ်သို့ပြန်ရောက်ချိန်တွင် ချီရှင်းချန် ဗိုက်ကိုဖြည့်ရန်အတွက် စိတ်မပါလက်မပြဖြင့် ထမင်းအနည်းငယ်သွပ်သွင်းလိုက်ပြီးနောက် သူ၏အခန်းသို့အလျင်စလိုပြန်ပြေးသွားခဲ့သည်။ သုံးနာရီအကြာတွင် ချီရှင်းချန် စာရွက်အထပ်လိုက်ကြီးဖြင့် အခန်းမှပြန်ပြေးထွက်လာခဲ့လေသည်။

ဒါရိုက်တာကျောက်မှာမူ မဲဖောက်ရန်အတွက် ဧည့်သည်များဆွေးနွေးနေကြသည့်အကြောင်းကို ရိုက်ကူးနေခြင်းဖြစ်သည်။ သူ၏မျက်လုံးထောင့်မှ ဝှစ်ခနဲပြေးထွက်လာသောအရိပ်လေးတစ်ခုကိုမြင်လိုက်ရသည့်အတွက် ကမန်းကတန်းချီရှင်းချန်ကိုတားဆီးလိုက်သည်

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now