Rick-3

1.6K 90 8
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၃)
ကိုမောင်မောင် တစ်ယောက် နံနက် တုံးခေါက် ထ၊ ကိုစံမြ လာပို့ထားသော

နို့သံချောင်း ကိုဆွဲ၊  စက်ဘီးနောက်ကယ်ရီယာခုံ ဘေးဖက်က သံချောင်း ချိတ်မှာချိတ် လျက် နွားနို့ ညှစ်ထွက် ဖို့ပြင်သည်။

ကိုစံမြ ဆီနို့အပ်သော အိမ်တွေကို   နွားနို့ညှစ်မထွက်ခင်
သူ့အိမ်က နွားမကြီးကို အရင်  ကိုမောင်မောင် နွားနို့ညှစ်သည်။

နွားမကြီး နွားနို့ ညှစ် ပြီသည်နှင့်  နွားထီး နှစ်ကောင် ရော နွားမကြီးကိုပါ
စားကျင်းတပ် အစာကျွေးသည်။

ကိုမောင်မောင် နွားနို့ညှစ် နွားစာ ကျွေးနေတုန်း ဇနီးသည်မတင်က ထမင်းအိုး ကလေး အမြန် ဆူအောင် မီးပြင်းပြင်း ဖြင့် တည် သည်။

ဆန် ပွက်တော့  ထမင်းရည် ခံ ဖို့ စတီး ဇလုံ ခပ်ကြီးကြီး  စင်ကလေးပေါ်ကနေ လှမ်းယူသည်။

ထို့နောက်  ထမင်းရည်ပူပူကလေးကို စတီးဇလုံ အသေးလေးထဲ ပြောင်းထည့် ပေးသည်။

  ပြောင်းထည့် ပေးပြီနောက် ဆားကလေး တစ်ပွင့် နှစ်ပွင့် ခပ် ညက အနည်းငယ် ချန်ထားသည့် ထမင်းကြမ်း ခဲလေးပါ ရောမွှေ သည်။

ရောမွှေ ပြီသည်နှင့် အနားရောက်လာသည့် ခင်ပွန်းကို

“ကိုမောင် ရော့ ထမင်းရေကလေး တော့ သောက်သွား အုံး ၊
အိမ်က နွားမကြီးက ဘယ်လောက် ထွက်သလဲ..”

“ ၁ပိဿာ အစိတ် ထွက်တယ် ၊ ၁ ပိဿာ ပဲ နို့အပ်ပြီ  အစိတ်က အမေ နဲ့ သမီး တွေကို တိုက်ဖို့  ချန်ထား ခဲ့မယ်ကွာ ၊ မင်းရော သောက်နော် မယ်တင် ..”

“အမယ်လေး.. တော် မတိုက်လည်း သမီးတွေက နွားနို့ ချို မချို သိရအောင် အမေ အရင်သောက်ပြလို့ ပြောလွန်းလို့ သောက်ရပါ့ ..”

ရယ် မော ပြောသည့် ဇနီးသည် စကားကြား တော့ ကိုမောင်မောင် သဘောကျစွာ ပြုံးမိသည်။

မယ်တင်က  ဖခင် ဆုံးတော့ မယ်သီလရှင်က ထွက်၊ သူမမိခင် ကြီးနဲ့  ကျည်းတောလို့ အရှေ့တော က လူတွေ ခေါ်တဲ့ မိုးခေါင်ရေရှားတဲ့ မြို့သာမြို့ အနောက်ဖက်က ရွာက လေးကနေ

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now