Rick-6

1.3K 78 4
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၆)
မြကျော်က ထားထားဦးဆီက  ခေါင်းခေါက် ခံရသည့်အကြောင်း တွေးနေသလောက် အဖေ ကတော့

“မသန်းရေ  ငမောင်က  ကျုပ်ညီရင်းထက်တောင် ကျုပ်အပေါ် ရိုးသား
ပြီ ခင်ရှာ တယ် ။

ပြီတော့ ကျုပ်နဲ့ သူက ဒိုးတူပေါင်ဖက် ကြီးပြင်းလာကြတာ။

သူ့ပုဆိုးကို ၀တ် ၊ ကိုယ့်ပုဆိုးသူ၀တ် ။

နွား နှာဖားကြိုးထိုးနည်း တောင် အတူတူ တတ်မြောက်ခဲ့ တာပါရော။

ကျုပ် အိမ်ထောင်ရက်သား ကျ  ကျုပ်တို့သားကြီး မောင်စံလှ ကလေး မွေးတော့

သူ့လုပ်အားခ ဆန် ကလေးနဲ့  လာပြီ ကိုမြ ရော့လို့ ပြောပေးလျှင် ကျုပ် ရှက်မည်လို့ သူထင်ပါရဲ့။

ဒါ့ကြောင့် ကျုပ်အိမ်က ထမင်းအိုး တွေ သူလျှောက်ရှာပြီ

“ကျုပ် ဗိုက်ဆာလို့ ထမင်းချက်စား မယ်နော် ..” တဲ့

ပြီတော့ သူ မစား ၊ ဒို့စားဖို့ ထမင်းချက်ပေးခဲ့ပြီ ပျောက်သွားတော့တာပဲ..”

“ဟုတ်သပါ့ .. ဟုတ်သပါ့.. အဲ့ဒီတုန်းက ကျွန်မမယ်  ၀မ်းသာလွန်းလို့ မျက်ရည်ပါကျမိပါရဲ့ ။

ဒီနောက်တော့ ကိုယ့်အလုပ်ကိုယ်လုပ် ၊ သူအလုပ်သူ လုပ် နှင့် မဆုံဖြစ်ကြရာက စိမ်း သွားတယ်။

စိမ်းတယ်လို့လည်း မဟုတ်ရှာပါဘူး ငမောင်က ကျုပ်တို့ အဆင်မပြေချိန်သာ ကူညီဖို့ ရောက်လာတတ်တာ။

အဆင်ပြေတော့ ထမင်း တစ်နပ် အလကား လာစားဖို့ကို ၀န်လေးရှာတယ်..”

“တယ် လည်း သိက္ခာကြီးတယ် ‌ငမောင်။

ငမောင် အခုလို ကျုပ်ကို အလုပ်ကူ မလုပ်ရင်တောင်  ဟို အဘွားကြီးတို့အိမ်အလုပ် လုပ်တာကို ကျုပ် က တားချင်ခဲ့တာ။

အခုတော့ ကျုပ် ဆန္ဒတွေ ပြည့်ပါပြီလေ။

ငမောင်က လောင်းရိပ် အောက်က လွတ်လျှင် ကျုပ်လို အလွန် ကြီးပွားချင် စိတ် ရှိတဲ့ ကောင်ပါ။

အလုပ်ဆိုလည်း  အမြဲ သူ့အလုပ်လို စိတ်ရင်းအမှန်နဲ့   လုပ်ပေးတာ တို့အမြင်ပဲ..”

“ဟုတ်ပါရဲ့  ကျုပ်လည်း မြင်ပါတယ် ..”

“ခင်ရာ ဆွေမျိုး မြိန်ရာဟင်းကောင်းပဲဟေ့ ၊ ကိုယ့် အပေါ် ကောင်း
သူများကိုတော့ ပြန်ကောင်းဖို့ ဒို့၀န်လေးမနေပါဘူး..”

“ဟုတ်ပါရဲ့ ..

ရွာထဲက ဦးစံမြ တို့ မီးဖို ကလေး ဘေးမှာ ရွာ ရှေ့က ခြံကလေးထဲက

ကိုမောင်မောင်  စိတ်ထားကလေး အကြောင်း  ပြောနေကြသလို  ကိုမောင်မောင် တို့ မိသားစုရဲ့ မီးဖို ဘေးမှာလည်း

ဦးစံမြ နှင့် ကြီးဒေါ်သန်း က တယ်သဘောကောင်းတဲ့ အကြောင်း
ပြောပြနေကြသည်။

“သမီးတို့ အကြော် စားရလို့ ပြောတာ မဟုတ်ပါဖူး အမေကြီးရယ်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now