Rick-21

1.2K 99 9
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂၁)

လှည်းပေါ်ရောက်ကတည်းက ထားထားဦး မျက်နှာကြော တင်းသလောက် မမြင့်မြင့်စန်းက ပြုံးရွှင်နေသည်။

ရင်ရင်မြကို လည်း သူမညီမ အရင်းထက်ပို ချစ်ခင်ပြ၏။

ဒါ့အပြင် မမြင့်မြင့်စန်း လက်ထဲ အသင့်ပါလာသော မေမြို့က လာတဲ့ မန်းမန်း သီးချဉ်ပေါင်းထုပ် ၊မန်းကျည်းသီးယို  စတဲ့
အချဉ်ထုပ်များကို ရင်ရင်မြ စိတ်ကြိုက်ရွေးစားစေသည်။

ဒါ့အပြင်  မရွေး ၊ပေါက်ပေါက်ဆုပ် ၊ နေကြာစေ့။

အမယ်လေး နေကြာစေ့ ဆို ခွာတောင် ကျွေးသည်။

ရင်ရင်မြကလည်း အလည်မက လေး။ မမြင့်မြင့်စန်း ကျွေးတဲ့ မုန့်ကို

စားပြီ ထားထားဦးကို သာ မမထား မမထားခေါ် စကားတွေ တတွတ်တွတ်ပြောသည်။

ရင်ရင်မြ သိတာပေါ့။ ရင်ရင်မြ  နေ့တိုင်းအလည်သွား ၊ ထမင်းစား ၊ ညအိပ်နေတဲ့ အိမ်က မထားကြီးအိမ်။

ပြီတော့ မထားကြီးက ရုပ်ကြီးက ခပ်တည်တည် နဲ့  လိုချင်တာမှာလိုက်ရင်
၀ယ်ပေးတတ်သည်။

ဒါ့အပြင် ပွဲရှိရှိ ဆိုင်းရှိရှိ မထားကြီး ပို့မှ ရင်ရင်မြတို့ ညီအစ်မ အလည်ထွက်ရသည်။

အမေက ဘယ်သူ့မှ စိတ်ချတာမဟုတ်။

အခုပါလာတဲ့ မမြင့်မြင့်စန်း ဆိုတာက ရင်ရင်မြတို့အိမ်ရဲ့ အရှေ့ဖက်ခြမ်း တစ်အိမ်ကျော်ကပေါ့။

ရွာထဲမှာ ကပ်စေးကုပ် မိသားစု ဆိုပြီ နာမည်အကြီးဆုံး။

အတိုးပေးစားလို့ ကြီးပွားလာတာ လက်ကောက်တွေများ တစ်ကောက်ရိုက်အောင် တချွမ်ချွမ်။

ဟိုးအရင်က ရင်ရင်မြတို့ မွဲတုန်းကများဆို သူတို့က အိမ်ချင်းနီးလို့ ဘာဟင်းချက်သလဲ မေးဖူးတာမဟုတ်ဘူးတဲ့။

အခုမှ ညည်းအစ်ကို မြကျော် ကို ကြိုက်လို့ “ရေလာမြောင်းပေးလုပ်နေတာတဲ့..”

အမေက ပြောထားပါ့။

အမေ ပြောထားလို့ ရင်ရင်မြ သိပင်မယ့် မုန့်ကိုတော့ လာကျွေးလို့စားလိုက်တာပဲ။

ပြီတော့ အဲ့အစ်မကြီး မြင့်မြင့်စန်းက ရင်ရင်မြ တစ်ယောက်တည်း ကျွေးတာ မဟုတ်ပါဘူးတော်။

လှည်းမောင်းနေတဲ့ ကိုကြီး မြကျော် ကိုလည်း မောင်မြကျော် ..

မောင်မြကျော် ခေါ်ပြီ မုန့်တွေ ခဏ ခဏလှမ်းကျွေးတယ်။

@@@

မြင့်မြင့်စန်းက ခဏခဏ မုန့်  ကျွေးနေသည်မို့ မြကျော် အားနာပြီ အေး ပေးဟာ ဆိုပြီ နေကြာစေ့ တစ်ထုပ် ယူလိုက်သည်။

ယူပြီ ထားထားဦးကို အကဲခတ်တော့ မျက်နှာခပ်တည်တည်။

အရင်ကလို  ဟဲ့ တို့ မသာတို့ တောင် မခေါ်။
ရင်ရင်မြ မေးတာဖြေ။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now