Rick-27

1.4K 101 6
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂၇)

“သရက်ကင်း ကလေးတောင် မိထားဦးက တိုတယ် ..”တဲ့။

“ဟုတ်တယ်လေ တို ..တိုပဲ ။ ကျွေးမယ့် ကျွေး ကိုယ့်ယောကျာ်းကိုပဲကောင်းတာ ကျွေးမှာပေါ့။

သူများ မကျွေးနိုင်ပေါင်  ..”

“အောင်မယ်လေးဟ ..နင် မကျွေးလည်း ခင်စန်းဦးက နင့်ထက်စေတနာပို ချက်ပြုတ်ပေးလိုက်တဲ့ ဟင်းတွေပါသား..”

ကိုကြီး စံထွန်းက မပြောစဖူး မြကျော် နှင့် ထားထားဦးကို အကဲပို အမြင်ကတ်၍ ထပြောလိုက်သည်။

ဒီတော့မှ ကိုလှမောင်က လျှာရှည် ၀င်မေးပြန်သည်။

“ဟာ.. ထမင်း ဟင်းက ခင်စန်းဦး ချက်တာလားဟ..”

“ဟုတ်တယ်လေ တော် ..”

“ဪ ..ဒါ့ကြောင့် တယ်အရသာ ရှိတာကို
ဟ ။ မိထားဦး သာချက်ရင်
ငါတော့ ဒီလိုကောင်းမယ်မထင် ..”

“အလိုတော် ..တော် ထင် ထင် မထင်ထင်  ဘာအရေးစိုက်ဖို့လိုမလဲ။
ကျုပ် ယောကျာ်း  ကောင်းပြီးတာပဲ ..”

တောသူပီပီ ထားထားဦးက အားမနာတမ်းရှင်းရှင်းဘွင်းဘွင်းဖြေတော့ ကိုလှမောင်  တစ်ယောက် အေးပါဟာ ဆိုပြီနူတ်ဆိတ်သွားရသည်။

ကျန်သူများကတော့ သူများလှည့်နောက်ချင်တဲ့  လှမောင် ထားထားဦးနဲ့ မှအေးရောတဲ့။

မြကျော်ကတော့ သူ့မိန်းမ အစွာကလေး ပြုံးလျက်သာ ကြည့်ပြီထမင်းစားနေလိုက်သည်။

ထားထားဦးသည်လည်း မြကျော် ထမင်းစားသည့်အနား ကပ်လျက်စင်ပေါ်ထိုင်နေ၏။

စကား ပေါသော ကိုလှမောင်မှာ ထမင်းစားရင်  ရွာထဲက ကြားရသော  အကြောင်းများကို သတင်းထူးများသဖွယ်ဖောက်သည်ချ နေသည်။

ဖောက်သည်ချရင် မင်းတို့သိပြီပြီလား ဆိုသော မေးခွန်းကိုလည်း
မရိုးနိုင်အောင် မေးပြီ စကားအစချီသည်။

အခုလည်း ကိုလှမောင် စကားအစချီလိုက်ပါပြီ

“ဒါနဲ့ မင်းတို့ သိပြီပြီလား ..”
“ကျုပ်တို့ မသိပါဘူး ဗျာ .. ခင်များပြောမှ သိရမှာ ။ခင်များသိတာသာ အကုန်ပြော ..”

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now