Rick-End

1.9K 134 10
                                    

စပါး နဲ့ နွား နဲ့ အညာသား
        
ကြားပါတယ်ကွ လို့ စကားအဖြစ်သာ မြကျော် ပြန်ဖြေလိုက်သည်။

လက်တွေ့မှာ အလှူကြီးလှူဖို့ ထက် သမီးကြီးကို ဘောဒါ ဆောင်ပို့ ကျောင်းထားဖို့ အရေးကလွဲ အခြားဟာမရှိ။

ဒါကို မထား လည်း သိပါသည်။

သားက မြင်းစီးချင်တယ် ပြော၍သာ ရုတ်တရက် ဆန္ဒစော လှမ်းမေးချင်သာ ဖြစ်လိမ့်မည်။

နောက်တော့ စိတ်အေးရင် ငါ့သားရယ် အိမ်က နွားမကြီး ဗေဒါမကြီး အရင်တက်စီးကြည့်စမ်းဆိုလိမ့်မည်။

သားကလည်း အင်မတန် အလိုက်သိတဲ့ ကလေးပီပီ မြင်းထက် နွားက ပိုကြီးတယ် နော့ ဖေရာ ပြောသည်။

သားက မြကျော် ငယ်ငယ်ကလို လူကောင်သေးသည်။

သမီးတွေက ထွားသည်။

ထွားလာတဲ့ သမီးတွေကို ကြည့်ပြီတိုင်း ထားထားဦးက ဆံပင်တိုတို ညှပ်ပေးသည်။

ညတိုင်း သမီးတွေကို ‌‌ ကျေးတောသူ အမေတစ်ယောက်၏ လက်ဆင့်ကမ်း အမြင် အတွေးဖြင့် ရှင်းရှင်းဘွင်းဘွင်းကြီး ဆုံးမရှာသည်။

ငယ်ငယ် ရွယ်ရွယ်နဲ့ ရည်းစားမထားဖို့။
ယောကျာ်းလေး တွေရှေ့ ဟီးဟီး ဟားဟားမလုပ်ဖို့။

ဦးလေးတွေ ဘကြီးတွေ ၊အစ်ကို တွေ ဆိုပြီ ပေါင်ပေါ်တက်မထိုင်ဖို့။ မုန့်ဖိုးပေးအုံး မတောင်းဖို့။

ယောကျာ်းလေးတွေက  တို့ခထိ ဆိတ်ခနန်း လာစရင် အစမခံဖို့။

တုပြီ ရန်မထောင်း နဲ့ အမေ နဲ့ ဒေါ်ဒေါ်တို့ကို ပြန်တိုင်။

လမ်းလျှောက်ရင် ယောကျာ်းတွေ ရှေ့ကနေ မလျှောက်နဲ့။

နောက်ကနေ လျှောက်။ ဖင် ကော့ ရင်ကော့ မလျှောက်နဲ့။

မျက်နှာ ပိုး သတ်ပြီနေ။ စာ ကြိုးစား။
လင်က ဘယ်အချိန်ချိန် ယူ ယူရတယ်။
စာက ငယ်တုန်း သင်ရတယ်။

စာတတ်မှ ညည်းတို့  မပင်ပန်းမှာ။ အမေ ဆို ငယ်ငယ်က ကျောင်းကို
လိုက်ချင်လိုက်တာမှ လွန်းကရော။

သို့ပင်မယ့် ကိုယ်မှ မတတ်နိုင်ပဲကိုး။
အိမ်မှာ အမေ နဲ့ အဖေက ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ရှာသလောက် စားဖို့ လောက်ငှရုံရှိတယ်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now