Rick-28

1.2K 108 11
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂၈)

ခင်စန်းဦး တောင်ပေါ်  လက်ဖက်ခူး လိုက်သွားမယ်တဲ့။

နံနက်စောစော အမေကြီး နဲ့ အဖေ့ကို ခင်စန်းဦး ထိုင်ကတော့ တာမြင်မှ ထားထားဦး သိလိုက်ရခြင်း ဖြစ်သည်။

အရင်စိတ်လိုသာဆို တစ်နယ် တစ်ကျေး
အဝေးကြီး ညည်းဘာလို့ လိုက်သွားမလဲအေ ဆိုပြီ ထားထားဦး တားမိပါလိမ့်မယ်။

အခု တော့ ရုတ်တရက်ကြီး လိုက်သွားမယ် သိလိုက်တာတောင် မတားဖြစ်။

ဟိုရောက်ရင် စားဖို့ အခြောက်အခြမ်းကလေးတွေဖြစ်တဲ့ ပဲလှော် ၊ငါးပိ၊
ငါးခြောက် တွေတောင် သေချာထုပ်ပေးလိုက်မိသည်။

ညနေ့စောင်းတော့ ရေးကြီးသုတ်ပျာ ကိုစံထွန်း ရောက်လာသည်။

ရောက်ရောက်ချင်း  သီးသီးပင်အောက် တင်လှ နှင့်အတူ ထိုင်နေသော မြကျော်တို့ လင်မယား နှစ်ယောက်ဆီတန်းတန်းမတ်မတ် လျှောက်လာပြီ မေးသည်။

“ခင်စန်းဦး လက်ဖက်ခူး လိုက်သွားတယ်ဆို ဟုတ်သလား ..”
“ဟုတ်ပါရဲ့ ..”

ထားထားဦး အဖြေကြားသည်နှင့် ကိုစံထွန်း မျက်နှာ မှာညိုးငယ်ချင်များ စုဝေးသွားသယောင် ။

ငိုင်လျက် လှည့်ပြန်သွားသည်။

ဒါကို မြင်လိုက်သည့် တင်လှက
“ကိုကြီး စံထွန်း ဒီနေ့ညတော့ အရက်မူးတော့မယ်ထင်တယ်..”

ဟုတ်ပါသည်။ တင်လှ ခန့်မှန်းစကားမှန်ပါ၏။ထိုညက ကိုစံထွန်း လယ်ခုံ
တဲမှာ အရက်တွေမူးနေအောင် ထိုင်သောက်သည်။

နောက်ရက် ..နောက်ရက် တွေမှာ ရွာထိပ်က အိမ်ကြီးဆီ သူခြေမလှမ်းတော့။

ညနေ့ခင်းတိုင်းလိုလို ထမင်းလာ မစားတော့။

@@@

ရာသီတွေ ပြောင်းလို့ ရက်တွေဟောင်းကုန်ပါပြီ။

တစ်နွေရဲ့ တန်ခူး မြန်မာနှစ်သစ်ကူး လို့ သက္ကရာဇ်များမှာ တစ်နှစ်တိုး သွား၏။

မုတ်သုန်လေ တွေဟာ မိုး နှင့်အတူ ပါလာခဲ့သည်။

သစ်ကြီးပင် အကိုင်း အခက်တို့ ကျိုးပဲ့ကုန်သည်။

သရက်ပင်ပေါ်ကအသီးတွေ မြေပြင် ပေါ် ပြန့်ကျဲကုန်သည်။

သီးနှံစားပင် ကလေးတွေ လေပြင်းကြောင့် အနည်းငယ် ပျက်စီးကုန်သည်။

နှမြောစရာကြီးပဲနော်လို့ အညာကလူတွေ နူတ်ကနေ ပြော‌ နေပင်မယ့် လက်တွေ့မှာတော့ ပျက်စီးသွားတဲ့ အရာတွေကို အသုံး၀င် အောင် အသုံးတည့်အောင် လုပ်ကြသည်။

လေတိုက်ပြီသည်နှင့် သူသူငါငါ ဓါးတွေယူလာပြီ လဲပြိုသွားသော သစ်ပင် သစ်ခက် တွေကို ထင်းစိုက်နိုင်အောင် ခုတ်ကြ ရှင်းကြသည်။

မြေပြင်ပေါ် ပြန့်ကျဲနေသော သရက်သီးများကို တောင်းကြီး တောင်းငယ် ကလေး လူကြီး ပျော်ပျော်ပါးပါး လုကောက်ကြသည်။

အိမ်ရောက်လျှင် သရက်သီးတွေကို ဓါးဖြင့် ခွဲ စဉ့်အိုးတွေထဲ ဆားရေစိမ် ‌၊နေထုတ်လှန်း ၊သရက်သီးဆီစိမ်ဖတ် လုပ်ကြသည်။

ငုပ်တုပ်ထိုင်လျက် စိတ်အားမငယ် ။စိတ်မညစ်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now