စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၃)
“ဟ ..နင့် ခိုးပြေးရအောင် ငါမှ နင့်မကြိုက်ပဲ..”မြကျော်ကပြောသည်နှင့် ခင်စန်းဦးက
“အို..ကျွန်မကလည်း ကိုကြီး မြကျော်ကို ခိုးခိုင်းတာမှမဟုတ်ဘဲ ၊ ကိုကြီး ကျော်နိုင် ကို လာခိုးဖို့ တစ်ဆင့်ပြောခိုင်းတာပါ..”
“အံ့ပါဟာ ၊ နင် နွားစာရိတ်တိုင်း တကောက်ကောက် လိုက်နေတဲ့ဟို ခွေးကောင်က အခု ဘယ်ရောက်သွားလို့လဲ ..”
“သူ့အမေ ဖက်က အမျိုးတွေ ရှိတဲ့ ရွှေဘို ကိုအလည်သွားနေသတဲ့။
သီတင်းကျွတ် လပြည့် ဟိုဖက်ရွာ ဘုရားပွဲ အမီ ပြန်ခဲ့မယ်လို့တော့ပြောသွားတာပဲ ..”“အေးလေ ဒါဆို သူပြန်ရောက်တော့မှ နင့်ဘာသာ ပြောပေါ့။
ဘာဖြစ်လို့ နင်က အလျင်လိုပြီ ငါ့ လာပြောခိုင်းနေသလဲ ..”“အရေးကြီး လို့ပေါ့ ကိုကြီး မြကျော်ရဲ့..”
“အံ့မယ်လေးဟ ဘယ်လောက်အရေးကြီးကြီး နင်တို့အိမ် လယ်ရိတ်ပြီ ကျီထဲ စပါးရောက်တော့ မှ နားအေးပါးအေး လင်ယူစမ်းပါ။
နို့မို့ရင် နင့်အစ်မ ထားထားဦး အကြောင်း သိတယ်မို့လား။
စိတ်တိုတို နဲ့ သူချည်းပဲ အလုပ်တွေ တန်းလုပ်နေမှာ ..”
မြကျော် စကားကြားသည်နှင့် ခင်စန်းဦးက နူတ်ခမ်းကလေးမဲ့ပြီ
“အို တော် .. အရေးထဲမှ ကိုကြီး မြကျော်က သူ့ထားထားကြီးကိုသွားစိတ်ပူနေတယ် ။
ပြီရင် အလကား.. မမကြီး ရှေ့ရောက်ရင် သူဖြင့် လေပေးဖြောင့်အောင် တောင် စကားမပြောနိုင်ဘူး။
တွေ့လိုက်တိုင်း ငြင်း ..”
“ငြင်း ပင်မယ့် ငါတို့က စိတ်မှ မဆိုးတတ်ကြပဲ။ချက်ချင်း ပြန်ခေါ်တာ ၊ နင်သာ စိတ်ကောက်ရင် နူတ်ခမ်းကြီး စူပြီ
ကျော်နိုင် ကို တစ်ပတ် ဆယ်ရက် စကားမပြောပဲနေတာ ..”“အို .. ဒါကတော့ သူက စိတ်ဆိုး အောင် စတာကို ..”
“အေးပါ ၊ အခုလည်း နင်က အမူ လွန်ပြီ ဟိုက ပြန်မချော့လို့ငါ့ကို အောင်သွယ်တော် လုပ်ခိုင်း နေတာမို့လား ..”
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romanceမိထား နင် ငါ့ကို ယောကျာ်း တစ်ယောက်လို အားကိုးကြည့်စမ်း