Rick-25

1.3K 99 8
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂၅)
သနပ်ခါးတွေသာအစဉ်အမြဲ လိမ်းခြယ်ထားသော ပါးပြင်ပေါ်မိတ်ကပ်ဟုအများခေါ်သော အာချီ ၊ပေါင်ဒါ အထပ်ထပ်လူး ။

နဂိုထူထဲသော မျက်ခုံးမွှေးကလေးပေါ် မျက်ခုံးမွှေးဆွဲ ၊နူတ်ခမ်းနီနီရဲရဲကလေးဆိုး။

ခေါင်းပေါ်မှာ ကျောက်ဆံထုံး နဲ့ သစ်ခွတွေဝေအောင်ထိုးပန်း။

ရွှေဝါရောင်ချိတ် ထဘီ နှင့် ပိုးဝါရောင် ရင်ဖုံးလက်ရှည်ပေါ်ဇာပုဝါ လွှာလိုက်တော့ တစ်မူထူခြား မင်းသမီးအလား ထင်မှတ် မှားမိရသည်။

မင်္ဂလာပွဲနေ့မှစ ယနေ့ ဓါတ်ပုံတွေရသည်အထိ ဘယ်အချိန်ချိန်ပြန်တွေးပြန်တွေး  မြကျော် မျက်လုံးထဲ သူ့မိန်းမ ထားထားဦး သာ အလှဆုံး ဖြစ်နေသည်။

အလှဆုံး အရိုင်းပန်းကလေး ထားထားဦးက မြကျော် ၏ ငယ်ချစ်။

ငယ်ချစ်မို့ အသည်းမှာစွဲ နေ မြဲ နေသည် ထင်ပါ့။

ယူပြီတော့ မှ နှစ်ဦးသား ပိုချစ်လိုက်ကြတာ မြကျော်က သူ့မိန်းမကို မထားလို့ ခေါ်ပြီ ထားထားဦးက သူမယောကျာ်းကို တလေးတစားကိုမြကျော် လို့ ပြောင်းခေါ် သည်။

သည်လို ချစ်ခင်နေသည်ကို အများတကာ ငေးအောင် အားကျသလောက် ကြီးဒေါ်မေရှင် ကတော့

“အလိုတော် ..ယူထားတာ ခြောက်လမှ မပြည့်သေးဘဲ တော့။

တစ်လကျော်ကျော် ကလေးရှိသေး ။ ကဲကြသည်းကြတာပေါ့ ။ နောက် များတော့ စောင့်ကြည့်ပါအုံး ..”

လို့ နိမိတ် ဖတ်သည်။

💙💙💙

ပျော်ရွှင်မြူထူး နွေဦးရဲ့ တောင်လေ တွေတဟူးဟူး၊လက်ပံပွင့်နီနီတွေ မြေပြင်ပေါ်ကြဲ၊ လှည်းဘီး တွေက လမ်းမပေါ် မှာဖုန်တထောင်းထောင်းထ၊

သူသူငါငါ ဘုရားဖူး သွားတဲ့  မ‌န္တလေးမြို့အရှေ့ဘက် က  အနော်ရထားမင်း မိဖုရား စောမွန်လှတည်ထားခဲ့သော ရွှေစာရံ ဘုရားပွဲ အပြန် နောက် နေ့နံနက်၀ယ်...

ထားထားဦး နေ့စဉ် အိပ်ရာထသည့် တုံးခေါက်အချိန်ထက် ပိုစောထလိုက်သည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now