စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၂၄)မြကျော်က ကတော့ပွဲတပြင်ပြင် အိမ်ကနေ စောင့်။
အဖေနဲ့ အမေက အလှူ ဘိသိတ်ကနေ တော်တော်နှင့်ပြန်မလာသေး။
နောက်နေ့ ရှင်မည်ခံ ထိများအလှူအိမ် နေကြမလားမသိ။
သွားခေါ် ချင်လှပြီ။ လက်တို လက်တောင်းခိုင်းရအောင် ကြွက်တစ်ကောင်ကြောင်တစ်မြီးမှ မမြင်။
ထားထားဦး ကို ကြီးဒေါ် နဲ့ ပစ်ထားခဲ့ပြီ မြကျော် အဖေ နဲ့အမေကို လိုက်ခေါ်လို့လည်းမဖြစ်။
ကြီးဒေါ်ကို သွားခေါ်ခိုင်းတော့လည်း ခေါ်ပေးမည်မဟုတ်။
မြကျော် အတော်ကလေး အကျပ်ရိုက်နေသည်။
ဒီကြားထဲ ကြီးဒေါ်မေရှင်က စကားပြောဖို့အရေး အွင်း.. အဟွင်း ..
ချောင်းဟန့် လေကြောရှည် စောင်းချိတ်နေတော့ ထားထားဦးကပြန်ရွဲ့သည်။
“မြကျော် ..”
“အေး ..”“ ဘာပစ္စည်းနဲ့မှ ငါ့ကို တင်မတောင်းနဲ့နော် ။ ငါ နင့်ကို လုပ်ကျွေးနိုင်တယ်သိတယ်မို့လား တော့...
ထားထားဦးတို့က ငယ်ငယ်ကတည်းက ခေါင်းပေါ်နို့သံချောင်းပုံးရွက် လုပ်စားလာတာ။
အိမ်ပေါ်ယောင်္ကျားလေးတစ်ယောက် တက်လာလို့လည်း ထူးပြီ ၀န်လေးမနေဘူး။
လူပါရင် ပြီးတာပဲ ။ ပုဆိုးနဲ့ အင်္ကျီတောင် ၀ယ်ဆင် ပါ့လိုက်အုံးမယ်..”
ထားထားဦး စကား ဆုံးသည်နှင့် မြကျော် ဘရိတ်အုပ်ချိန်မရ ကြီးဒေါ်မေရှင်က
“အောင်မယ်လေး လေး .. သိနေတယ် ။ သိနေတယ်။
ဒီလိုလေသံ ဒီလို အချိုးမျိုး ဒီလိုမာန်တွေ နဲ့ မိန်းမမျိုး မှန်း။
ကျုပ်မေရှင်က လေ ကျုပ်တူ လူပျိုချောကြီး ကို ဟိတ် ဆိုရင်တိတ် တဲ့ မိန်းမမျိုးနဲ့ ညားစေချင်တာ။
အခုတော့ဖြင့် တက်ထောင်း မောင်းနင်းတော် လင်ကိုရိုသေရကောင်းမှန်းမသိ ၊လေးစားရ ကောင်းမှန်းမသိ ၊သခင်မလိုမိန်းမမျိုးနဲ့ ဆုံရတယ်လို့ ရင်နာ တယ် .. ရင်နာတယ်..”
ESTÁ A LER
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romanceမိထား နင် ငါ့ကို ယောကျာ်း တစ်ယောက်လို အားကိုးကြည့်စမ်း