စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၁)ကုန်းနိမ့်ပြီ ရေ၀င်လွယ်တဲ့ လယ်တွေက အရင်နစ်သည်။
ကုန်းမြင့်ပြီ နွေအခါဆို ရေရဖို့ခက်တဲ့ လယ်တွေက သာမန်
ရေ၀င်သလောက် သာ၀င်သည်မို့ အဆင်ပြေသည်။ရေတွေတိုး မိုးတွေရွာနေလို့ နွားနို့ ရောင်းမထွက်နိုင်တဲ့ ထားထားဦးတစ်ယောက် လယ်တော ကို ခြေလျင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။
ဂေါ်ပြား ကြီး တစ်လက် နဲ့ ။ သူ့နောက်ကို မ၀င်းသူကလည်း မပျင်းရိနိုင်အောင် လိုက်သည်။
ကိုတင်ရ ကြီးကလည်း မ၀င်းသူ နည်းတူ လိုက်သည်။
လိုက်ရင် ကိုတင်ရ ကြီး နဲ့ မ၀င်းသူက လယ်တော ကနေ ကန်းစွန်းရိုး နီတွေ နူတ်နေကြတာတစ်ထုံး ရတော့မယ်။
ပုစွန်စာ ရွက်တွေ ၊ မြင်းခွာရွက် တွေကလည်း တောင်းထဲမယ် အပြည့်။
ထားထားဦးက သူ့မ လယ်ကွက်ထဲက ပြည့်နေတဲ့ ရေတွေကို တစ်ဆင့်ပြီတစ်ဆင့် ဖောက်ချ နေသည်။
ဒါကို ကိုစံထွန်းဆီ ထမင်းထုပ် လာပို့ရင် နွားစာရိတ်ဖို့လယ်တော ရောက်လာသည့် မြကျော် မြင်တော့
“ထားထားဦး အရူးမ နင် တော် တော် ဥစ္စာ ခြောက်နေတယ်။
မိုးရွာလို့ သူများတွေ ဇိမ် နဲ့ အိပ်နေတဲ့ အချိန် နင်က ဂေါ်ပြားကြီး နဲ့..”“အောင်မယ် ငါ့ကို ပြောတဲ့ နင်ကရော နွားစာရိတ်ဖို့ ထွက်လာတယ်မို့လား..”
“ငါ့ အစ်ကို ထမင်းထုပ်လာပို့ရင် ကြုံလို့ပါဟာ ..”
စကားပြောရင် မိုးတွေက သည်းကြီးမဲကြီး ရွာဖို့ဟန်တွေပြင်ရင် မိုးတွေ ခြိမ်းတော့ ဂေါ်ပြား ကိုင်ထားသူရော ၊ တံစဉ် ကိုင်ထားသူရော၊ကန်းစွန်းရိုးနီ နူတ်နေသူတွေရော လယ်ခုံပေါ်က ကိုစံထွန်း တဲလေးဆီ အပြေးသွားကြသည်။
တဲကလေးထဲရောက် ထိုင်လိုက်သည်နှင့် မ၀င်းသူ နဲ့ ထားထားဦးက
“ဘုရား .. ဘုရား ..ဘုရား တပည့်မတို့ကို မိုးကြိုး မပစ်ပါနဲ့။
တပည့်တော်မတို့က မိဘ နှစ်ပါးကို ကာယကံ ၀စိကံ မနောကံနဲ့ တောင်မပြစ်မှားပါဘူးဘုရား။
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romanceမိထား နင် ငါ့ကို ယောကျာ်း တစ်ယောက်လို အားကိုးကြည့်စမ်း